part-13

343 43 2
                                    

Unicode

" ဆော့ဂျင်း အကြောင်းဘာမှမကြားတာဖြစ်သင့်ရဲ့လား?? မင်းဒီလောက်တောင်ပေါ့လျော့နေလို့ ဆော့ဂျင်းကငါ့အတွက်ဘယ်လိုလူဆိုတာသိရဲ့လား??"

ဒေါသတကြီးအော်ဟစ်မိတော့ အရှေ့ကလူကတစ်ချက်လန့်သွားရုံသာ ထောက်ထားတဲ့ဒူးကတော့နည်းနည်းမှယိုင်မသွား~

"တောင်းပန်ပါတယ် သခင်ကြီး?သခင်လေးကအရမ်းတောင်းဆိုတာနဲ့ သူ့ရဲ့အသက်ကိုပါထိခိုက်လာတာမို့ ကျွန်တော်လွှတ်ပေးမိသွားတာ! !ဒါပေမဲ့ အခုပျောက်သွားတာကလုံးဝတောင်သတင်းမသိရသေးတာဆိုရင်တော့ နန်းတွင်းကလွဲပြီးမရှိလောက်ဘူးလို့ကျွန်တော်ထင်တယ်"

ထိုကဲ့သို့အပြောနဲ့ပဲပြောနေပြီးလက်တွေ့မှာပုံစံမကျတာကိုတော့တကယ်ကိုခွင့်မလွှတ်နိုင်
ကင်ဆော့ဂျင်းဆိုသူ၏အယုံကြည်ဆုံးနှင့်မိမိအားအကိုးရဆုံးသူသာမဟုတ်လျှင်မိမိစိတ်နဲ့ဆိုလျှင် နောက်နေ့လူပျောက်စာရင်းထဲမှာအရှေ့ကလူကစာရင်းဝင်လိမ့်မည်...။

"အခုလိုပါးစပ်နဲ့ပဲပြောနေမဲ့အစားလိုက်ရှာလေ!သူသာ အဲ့နေရာကိုပြန်ရောက်ခဲ့ရင်အဆင်ပြေမယ်လို့မင်းထင်လား?ဒီလိုတွေရခဲ့ဖို့ငါဘာတွေလုပ်ခဲ့ရတာလဲ အခုမှသူ့ကြောင့်ငါအကုန်အဆုံးရှုံးမခံနိုင်ဘူး"

"သခင်လေးကကြောက်တတ်တယ် ဒါကြောင့်စိတ်ထင်တာမလုပ်လောက်ပါဘူး"

ရွှမ်!!!

ဒေါသစိတ်ကထိန်းမရသည့်အဆုံးမှာတော့လုပ်မိသည်ကတစ်ဖက်သူ၏ဘေးတွင်ထားထားထားသည့်ဓါး...
အရှေ့ကလူဆီမှဓားကိုဆွဲထုတ်ကာသူ၏လည်ပင်းတွင်ထောက်လိုက်သည်...။ဒါတောင်တစ်ချက်မှခတ်မသွားတဲ့မျက်ဝန်း..~~

"မင်းကဘာသိလို့လဲ? သူ့ဆီမှာအဲ့ဒီဘာမဟုတ်တဲ့သူရဲ့သွေးနဲ့စိတ်ဓာတ်ကပိုင်ဆိုင်ထားတယ် မင်းထင်နေတဲ့အဲ့ကြောက်တတ်တယ်ဆိုတဲ့အတွေးကငါရိုက်ထည့်ပေးထားတာချည်းပဲ ငါလိုချင်တာရဖို့ငါအသုံးချခဲ့တဲ့အစာသပ်သပ်ပဲလို့!!"

"ကျွန်တော်တောင်းပန်ပါတယ် အခုချက်ချင်း တစ်ခြားသူတွေကိုပါစုလိုက်ပြီးသခင်လေးကိုရအောင်လိုက်ရှာလိုက်ပါမယ်!"

영원히-Forever(Z+U)Where stories live. Discover now