Part-23

232 36 2
                                    

Unicode***

ခြေမြန်စစ်သည်ကြောင့် မနက်ဖြန်ဆို
သူ့ညီမတော်ရောက်မည်ဆိုတာကိုကြားခဲ့ရပြီးဖြစ်သည်
ဂိုလျောကနေ မွန်ဂိုကိုသွားလျှင်တော့ဖြတ်လမ်းရှိတာမို့ရောက်ရန်အချိန်သိပ်မကြာ
သို့သော်လည်း မွန်ဂိုကနေဆိုရက်တော့နှစ်ရက်ကြာသည့်ခရီးဖြစ်သည်.....

သူလမ်းခရီးကိုစိတ်ပူသော်လည်း သူကအခုချိန်ရေမြေ့အရှင်ဖြစ်နေပြီမို့နဂိုလိုစိတ်ရှိတိုင်းပြုမူလို့မဖြစ်ပေတာမို့ သူ့ရဲ့စိတ်ကိုချိုးနှိမ်ထားရသည်

ထို့အပြင်ညီမဖြစ်သူပြန်လာတာမို့ သူမျှော်နေရသည့်သူလဲပါလာပေမည်မဟုတ်လား??

ခမည်းတော်ဆိီတော့သတင်းကရောက်နေလောက်ပြီဖြစ်တာမို့ ပြုံးပျော်နေမည့်ခမည်းတော်သည်နလန်ထူလောက်ပြီပေပဲလား??

ကောင်းကင်တစ်ဝိုက်ထွန်းလင်းနေသည့်လပြည့်ဝန်း​က တောက်ပလွန်းသည် ကြယ်ရောင်တောင်မရှိတိမ်ပါကင်းစင်နေသည့်ကောင်းကင်ပြင်တွင်လမင်းတစ်စင်းကသာထီးထီးကြီးတည်ရှိနေရင်း တည်ငြိမ်လွန်းသည့် လှပတော်ဝင်ဆန်လွန်းသည့်သင်္ကေတအဖြစ်ရှိနေလေသည်

နန်းဆောင်အပြင်ကိုထွက်ရင်း ကောင်းကင်ကိုငေးကြည့်မိတော့ဘာမဆိုင်ညာမဆိုင် တစ်စုံတစ်ဦးကိုပင်သတိရသွားသလိုပင်...

ဒါပေမဲ့သူမသိတဲ့တစ်စုံတစ်ဦး..အဲ့လူကိုသူ့ဘက်ကလမင်းနှင့်တင်စားဖူးသလိုမျိုး..

တရိပ်ရိပ်ခေါင်းထဲဝင်လာသည့်ပုံရိပ်ရောင်တို့ကမပီပြင်!သို့သော်လည်း သူ့အားခြောက်ခြားစေရန်လုံလောက်သည်ဖြစ်သည်

တောက်ခ်!ဝုန်း!ဒုန်း!!

"အရှင်မင်းသားစိတ်ကိုထိန်းပါ..အဲ့လိုလုပ်လို့မဖြစ်ပါဘူး!"

"ဟာကွာ!"

ဝုန်း!!

ရှိသမျှစာအုပ်တွေအကုန်မြင်ရာကိုပစ်ထုတ်ရင်းအော်ဟစ်သောင်းကျန်းနေသည့်သူက အစ်ကို့ရှေ့ဆိုပျော့ပြောင်းဟန်ဆောင်တတ်သည့်ယုန်သူငယ်မဟုတ်သလိုပင်

ခလွမ်း!ရုတ်တရက်ပစ်ထုတ်လိုက်တဲ့စယအုပ်တစ်အုပ်က အစ်ကိုသူ့ကိုပေးထားတဲ့ကြွေပန်းအိုးကိုထိကာတွန်းတိုက်လိုက်သလိုဖြစ်သွားပြီးအောက်ကြမ်းပြင်တွင်အစိတ်စိတ်အမွှာမွှာ။

영원히-Forever(Z+U)Where stories live. Discover now