Part-8

552 68 10
                                    

Zawgyi>>

တဖြူးဖြူးတိုက်​ခတ်​​နေတဲ့​လေက ​ကောင်းကင်​မှာအပြည့်​ထွန်း​တောက်​​နေသည့်​လမင်းကြီး​အားဖုန်းကွယ်​​စေရန်​ တိမ်​တိုက်​တို့ကို​ခေါ်​ဆောင်​လာသည်​ ..။

သို့​သော်​လည်း ထိုတိမ်​တိုက်​တို့သည်​ လပြည့်​ဝန်း၏အလှကိုကြာကြာဖုန်းကွယ်​နိုင်​ခြင်းမရှိဟုထင်​ရ၏ ​လေနု​အေး၏ဦး​ဆောင်​ရာကိုပြန်​လိုက်​ရင်း လမင်း၏အလှကိုပြန်​​ပေါ်​စေလိုက်​သည်​ ..

ကောင်းကင်​တစ်​ဝိုက်​လမင်းရဲ့အလင်း​ရောင်​​ကြောင့်​ထိန်​လင်း​နေပါ​သော်​လည်း အလင်း​ရောင်​မ​ရောက်​နိုင်​သည့်​​နေရာမှ ညပိုး​ကောင်​တို့၏အသံကို Jiminနားစိုက်​​ထောင်​​နေမိသည်​...။

သဘာဝ!Jiminသိပ်​ကိုသ​ဘောကျရသည့်​သဘာဝတရား~!
Jiminငယ်​ငယ်​တည်းကမြတ်​နိုးသည့်​အရာဆိုလျှင်​အနုစိတ်​ပုံ​ဖော်​ခံစားတတ်​၏...

ထို့​ကြောင့်​လဲ​ဘေးတွင်​​မှောင်​ရိပ်​ကို​ခိုကာ ရပ်​​နေသည့်​အစ်​ကို့ကိုသတိမထားမိ!

" ဘာကိစ္စ​ခေါ်တာလဲ Jimin ?!_"

အေးစက်​စက်​အစ်​ကို့အသံကအမိန့်​မဆန်​​သော်​လည်း ကြားမိတိုင်းJiminရင်​တုန်​ရသည်​ ..။

Jungkook စ​ရောက်​တည်းကမျက်​လုံးကို​မှေးစင်းလျက်​သဘာဝတရားကိုခံစား​နေသည့်​ညီဖြစ်​သူကို​စောင့်​​နေလိုက်​၏..

မိသားစုနှင့်​အတူရှိ​နေလျှင်​ ဝန်​ ရှိ​နေတတ်​သည့်​ညီဖြစ်​သူက သဘာဝတရား ထို့​နောက်​ ညီမ​လေးနှင့်​အတူရှိ​နေလျှင်​ လွတ်​လပ်​​နေတတ်​သည်​ ။

ငယ်​ငယ်​တည်းက​အေးစက်​စက်​သာဆိုတတ်​သည့်​မိမိက​တော့ ညီမဖြစ်​သူမှလွဲ၍ကျန်​သည့်​သူများအ​ပေါ်တွင်​ညင်​သာသည့်​​လေသံကရှိမ​နေ​ချေ...။

Jiminတစ်​ချက်​တုန်​သွားသည်​ကိုJungkook​သေချာသိသည်
သို့​သော်​လည်း မသိချင်​​ယောင်​​ဆောင်​၍သာ ​မေးခွန်းထုတ်​လိုက်​သည်​...

" ဒီမှာ HaeEun လဲအဆင်​​ပြေတယ်​ အစ်​ကို​တော်​​လောက်​သိုင်းပညာမကျွမ်း​ပေမဲ့လဲ ကျွန့်​​တော့မှာကာကွယ်​နိုင်​စွမ်းရှိ​သေးတာကိုသိမယ်​ထင်​ပါတယ်​ ပြီး​တော့ကျွန်​​တော်​တို့ကို​စောင့်​​ရှောက်​ဖို့ကိုယ်​ရံ​တော်​တစ်​ချို့လဲရှိတယ်​ ဒါ​ပေမဲ့ ခမည်း​တော်​မှာ ဘယ်​သူမှမရှိဘူး ဟို​နေ့က အ​ထောက်​​တော်​ဆီကသတင်းရခဲ့တယ်​ အမတ်​လီက ခမည်း​တော်​ကိုပုန်​ကန်​ဖို့ကြံစည်​​နေတယ်​ အစ်​ကို​တော်​ရှိမှရမယ်​ ပြန်​သွားလိုက်​ပါ _"

영원히-Forever(Z+U)Where stories live. Discover now