Part-7

628 69 3
                                    

<<zawgyi>>

တဖြည်းဖြည်းကျ​ရောက်​လာသည့်​​နေ​ရောင်​ခြည်​က မျက်​နှာ​ပေါ်သို့ကျ​လေသည့်​အခါ သူမမျက်​ခုံးတို့အားတွန့်​ချိုးလျှက်
ခေါင်း​ပေါ်​စောင်​​ခြုံကာပြန်​အိပ်​ရန်​ပြင်​၏...

တစ်​ချက်​​ခေါင်းထဲဝင်​လာသည့်​အ​တွေးက မိမိ​ရောက်​​နေသည့်​​နေရာက အ​နွေး​ထွေးဆုံး​သောသူများရှိ​နေသည့်
မိမိ​မွေးရပ်​​နေရာမဟုတ်​ တစ်​ပါးသူ၏ပြည်​တွင်ဖြစ်​ပြီး တစ်​ခြားသူ၏ အိမ်​တွင်​​နေရခြင်း...

မျက်​လုံးမှိတ်​၍ပဲ​စောင်​ခြုံလိုက်​​သော​ကြောင့်​လားမသိ..မျက်​လုံးဖွင့်​ချိန်​တွင်​​ဘေးတွင်​ရှိ​နေသည့်​မိန်းမတစ်​ဦး​ကြောင့်​ ထ​အော်​လိုက်​သည်​...

'အား!!_ရှင်​ ဘယ်​သူလဲ??_"

" စိုးရွံမိပါတယ်​မင်းသမီး မင်းသမီးနိုးပြီအထင်​နဲ့ သန့်​ရှင်း​ရေးလုပ်​​ပေးဖို့လာခဲ့တာပါ..ဒါ​ပေမဲ့ အိပ်​​ပျော်​​နေ​သေးတာမို့ မနှိုး​သေးပဲ​စောင့်​​ပေး​နေတာပါ.."

သူမသည်​​ခေါင်းကိုမ​ဖော်​​သေးပဲ  အချိန်​အတန်​ကြာထိ ဆို​နေ​လေသည်​..

'ညက အထိန်း​တော်​မဟုတ်​သလိုပဲ..ထားပါ​လေ..ငါကအခုမှ​ရောက်​တာဆို​တော့ ​စောင့်​​ရှောက်​ဖို့အထိန်း​တော်​အထိစီစဉ်​မ​ပေး​သေးတာ​နေမှာ​ပါ..´

Hae Eun စိတ်​ထဲ၍ပဲလားမသိ...သူမအကြည့်​တို့ကတစ်​ခုခုကိုစူးစမ်း​နေသ​ယောင်​..

(Allie ​ပြောချင်​တာရှိပါတယ်​ မွန်​ဂိုလူမျိုး​တွေက ကိုယ့်​ထက်​ရာထူးကြီးတဲ့သူ​တွေကိုစကား​ပြောရင်​ ​ခေါင်းငုံပြီးပဲ​ပြောကြပါတယ်​ မျက်​လုံးက​မော့ကြည့်​ခွင့်​မရှိပါဘူး...​ပြောချင်​တာပြီးရင်​​တော့ ​ခေါင်းပြန်​မတ်​ခွင့်​ရှိပါတယ်​​နော်​..တကယ့်​မွန်​ဂိုလူမျိုး​တွေရဲ့အယူကဘယ်​လိုလဲ​တော့မသိ​ပေမဲ့
Allieလုပ်​လိုက်​တဲ့ယဉ်​​ကျေးမှုပါ​နော်​)

" ဒါဆိုကျွန်​မကိုကူညီ​ပေးလို့ရမလား?? မင်းကြီးကိုလဲသွား​​တွေ့ချင်​တာမို့​လေ_"

" ဟုတ်​ကဲ့ ကျွန်​မပြင်​​ဆင်​​ပေးပါမယ်​_"

သူမ၏ဦစ​ဆောင်​​ခေါ်ရာအဆုံးတွင်​​တော့ ပန်း​ပေါင်းဆုံးစိုက်​ပျိုးထားသည့်​ အခန်းတစ်​ခုတွင်းသို့မိမိအား​ခေါ်သွားသည်​...

영원히-Forever(Z+U)Where stories live. Discover now