Zawgyi"အရှင်သခင်ရောက်ပါပြီ.."
တပည့်ဖြစ်သူရဲ့အပြောကြောင့်စေတန်မှိတ်ထားတဲ့မျက်လုံးကိုအသာဖွင့်ကာဝတ်ထားတဲ့suitအနက်ရောင်ကိုသေချာပြန်ပြင်လိုက်ပြီကားတံခါးဖွင့်ကာကားပေါ်ကဆင်းဖို့အလုပ်"ကျွန်တော်ကိုကူညီပါဗျာ...နောက်ကလူဆိုးတွေလိုက်လာလို့....ကျွန်တော်ကိုမေးရင်မသိဘူးပြောပေးနော်.."
ဟုပြောကာသူရဲ့ကားထဲကိုအတင်းဝင်တိုးပြီးကားခုံအောက်တွင်ဝင်ပုန်းနေသည့်ကောင်လေး။"ဒီမွာ...ကောင်လေးတစ်ယောက်ဖြတ်သွားတာတွေ့မိသေးလား..."
ထိုလူတွေရဲ့အပြောကြောင့်ကားခုံအောက်မှာပုန်းနေတဲ့ကောင်လေးကိုစောင်းကြည့်လိုက်တော့ထိုကောင်လေးကတောင်းပန်တိုလျှိုးတဲ့မျက်နှာဖြင့်ကြည့်ကာမပြောဖို့ခေါင်းခါပြနေသည်။သူထိုကောင်လေးအင်္ကျီဂုတ်ကနေဆွဲမကာ"မင်းတို့ပြောတာ..သူလား..."
"ဟုတ်တယ်...ဟေ့ကောင်ထွက်ခဲ့...."
စေတန်ထိုကောင်လေးကိုကားအပြင်ကိုတွန်းထုတ်လိုက်သည်။"ကျစ်...ရှုပ်ရှုပ်ယှက်ယှက်တွေ...အ့..."သူပြောနေရင်းသူခေါင်းထက်နာကျင်မူကိုခံစားရပြီးနဖူးထက်မှသွေးများစီးကျလာသည်။သူနဖူးကိုစမ်းကြည့်ကာလက်ထဲပါလာတဲ့သွေးတွေကိုကြည့်နေမိသည်။
"ဟင်...ဟိုကောင်လေးခေါင်းရိုက်ခံလိုက်ရပြီ..."
တပည့်ဖြစ်သူစကားကြောင့်သူထိုကောင်လေးကိုကြည့်မိတော့ကောင်လေးခေါင်းမှာလဲသူလိုသွေးတွေထွက်နေသည်။သူရဲ့ညာလက်ကိုကြည့်ကာ"အမရာ....တကယ်ပဲမင်းလား..."
သူကားပေါ်ကဆင်းလာပြီထိုလူတွေနားသွားကာကောင်လေးကိုထပ်ရိုက်ဖို့လုပ်နေတဲ့လူရဲ့လက်ကိုဖမ်းချုပ်ထားလိုက်သည်။"အ့...မင်းဘာလုပ်တာလဲကွ..."
သူထိုလူကိုအေးစက်စက်အကြည့်ဖြင့်ကြည့်ကာ"သူကိုလွှတ်ပေးလိုက်..."
"လွတ်ပေးလို့မရဘူးကွ..သူအကြွေးတွေမဆပ်ရင်သူကိုရအောင်ခေါ်သွားရမှာ..."
သူထိုလူရဲ့လက်ကိုလွတ်ပေးလိုက်ပြီဘောင်းဘီအိတ်ကပ်ထဲကကဒ်ကိုပေးကာ"အဲ့မှာ...မင်းတို့လိုချင်သလောက်သွားထုတ်လိုက်....သူကိုတော့ငါဆီမှာထားခဲ့လိုက်..."
ထိုလူတွေကသူရဲ့ကဒ်ကိုကြည့်လိုက်သူကိုကြည့်လိုက်နဲ့မျက်လုံးပြူးကာ
YOU ARE READING
နတ်ဆိုးရဲ့အသုံးတော်ခံ(or)ရွှေဖူးစာကြိုးချစ်ခြင်းပျိုး
Non-Fiction[Unicode] နတ်ဆိုးဘုရင်နဲ့ဝံပုလွေကောင်လေးတို့ရဲ့ချစ်ခြင်းမေ့တ္တာတရားကိုပုံဖော်ထားခြင်းဖြစ်ပါတယ်။ နတ်ဆိုးတွေနဲ့ဝံပုလွေတွေရဲ့ရန်ပွဲတွေကြားမှာ သူတို့နှစ်ယောက်ရဲ့အချစ်တွေခိုင်မြဲနိုင်မလားဆိုတာ။ ဤဇာတ်လမ်းပါအကြောင်းရာများသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ ...