❤️Part 11❤️

659 50 3
                                    

[Unicode]

စေတန်ဖုန်းscreenမှာပေါ်နေတဲ့ရှိုင်းပုံလေးကိုကြည့်ပြီး သူမသိလိုက်ခင်မှာပဲ သူ့နှုတ်ခမ်းထက်အပြုံးတစ်ခုကနေရာယူသွားသည်။

သူဖုန်းကိုအိတ်ကပ်ထဲထည့်ကာ ရှိုင်းကိုနှိုးဖို့လုပ်ရတော့သည်။ဒီကောင်လေးကမနှိုးရင်ထမယ့်ပုံမပေါ်။

"ရှိုင်း ဟေ့ ထတော့ ဘယ်ချိန်ထိအိပ်နေမှာလဲ "

စေတန်နှိုးသော်လည်းတုပ်တုပ်မျှမျှမလှုပ်ပေ။စေတန်ကိုကျောပေးကာပြန်အိပ်သွားသည်။

စေတန်ထရပ်ကာမဲ့ပြုံးပြုံးပြီး လက်ကိုအနည်းငယ်ဝေ့ရမ်းလိုက်တော့ရှိုင်းခန္ဓာကိုယ်အိပ်နေရင်း လေပေါ်မြှောက်တတ်သွားသည်။ထိုအခါမှ ရှိုင်းနိုးလာကာ

"ဟင် အ အရှင် ဘာလုပ်တာလဲ အီးဟီး ပြန်ချပေး ကျွန်တော်ကြောက်တယ် "

"မင်းက ငါနှိုးတာမှမထပဲ အပြစ်ပေးတယ်လို့မှတ်လိုက် "

ဟုဆိုကာထွက်သွားဖို့လုပ်နေတဲ့အရှင်ကြောင့် ‌ရှိုင်းမျက်လုံးစုံမှိတ်ကာအော်တော့သည်။

"အားး ကယ်ကြပါအုံး မနက်အစောကြီးအနိုင်ကျင့်နေပါတယ် နတ်ကောင်းနတ်မြတ်တို့ကယ်တော်မူပါ "

အသံဗြဲကြီးနဲ့အော်ဟစ်ကာ မထွက်တဲ့မျက်ရည်တွေကိုအတင်းညစ်ထုတ်ပြီး နတ်တွေပါမကျန်တနေတဲ့ရှိုင်းကိုကြည့်ပြီး စေတန်ခေါင်းခါမိသည်။ရှိုင်းလိုကောင်လေးမျိုးသူတစ်ခါမှမတွေ့ဘူးပေ။တကယ်ကိုလက်လန်မိသည်။နောက်ထပ်ငရဲမင်းတွေဂြိုလ်တွေမပါရအောင် သူရှိုင်းကိုအောက်ပြန်ချပေးလိုက်သည်။

ထိုအခါမှသူကိုမျက်နှာချိုသွေးကာရယ်ပြနေတဲ့ရှိုင်း။တတ်လဲတတ်နိုင်လွန်းပါပေ့။

"ပြင်ဆင်ပြီးထွက်ခဲ့ မနက်စာစားရအောင် "

"ဟုတ်ကဲ့ဗျ "

"မျက်နှာကိုက "

ဟုဆိုကာမျက်စောင်းထိုးပြီးထွက်သွားတဲ့အရှင်ကြောင့် ရှိုင်းဘေးမှာချထားတဲ့ခေါင်းအုံးကိုဖိကိုက်ကာ

"အားး အရှင်မျက်စောင်းထိုးတာကချစ်ဖို့ကောင်းလိုက်တာ ဟီး "

နတ်ဆိုးရဲ့အသုံးတော်ခံ(or)ရွှေဖူးစာကြိုးချစ်ခြင်းပျိုးWhere stories live. Discover now