❤️Part 3❤️

1.1K 74 2
                                    

Unicode

"သခင်ကြီး....ရောက်သွားပါပြီ..."
သခင်ကြီးဆိုသူကဝိုင်ခွက်ကိုအသာလှုပ်ကာတစ်ငုံသောက်လိုက်ပြီး

"ကောင်းပြီ...သေချာစောင့်ကြည့်ထား..."

~~~~~~~~~~~~~~~~~~~~~~~
စံအိမ်တော်ထဲတွင်

ရှိုင်းအခန်းထဲကထွက်လာတော့အစေခံတွေကသူအလုပ်နဲ့သူရှုပ်နေတာကြောင့်ရှိုင်းကိုဘယ်သူမှသတိမထားမိကြပေ။ရှိုင်းဟိုကြည့်ဒီကြည့်လုပ်ရင်းရှိုင်းရဲ့အကြည့်ကအပေါ်ထပ်ကိုရောက်မိသည်။လူဆိုတဲ့အမျိုးဟာလဲမလုပ်နဲ့လို့ပြောရင်ပိုလုပ်ချင်ကြတာသဘာဝပဲမလား။

ရှိုင်းအရိပ်ခြေကြည့်ပြီးဘယ်သူမှမရှိတော့မှအပေါ်ထပ်ကိုပြေးတတ်လာခဲ့သည်။အပေါ်ထပ်ရောက်တော့ပထမဦးဆုံးတွေ့တဲ့အခန်းကိုသူဝင်လိုက်သည်။

"ချလပ်..."
အခန်းထဲဝင်တော့ရှိုင်းအံသြမင်သက်ရတော့သည်။အခန်းကအတော်ကျယ်ဝန်းပြီးတော်တော်လှတယ်လို့ပြောရမယ်။

"ဟွန့်...သူကြအခန်းအကောင်းစားကြီးကုတင်အကောင်းစားကြီးနဲ့....ငါကြအခန်းလေးကသေးသေးလေး..."
ရှိုင်းအခန်းထဲကပစ္စည်းတွေကိုကိုင်ကာလျှောက်ကြည့်နေမိသည်။

သူကြည့်နေရင်းမှအရှင်ပြောတဲ့ညာဘက်ဒေါင့်စွန်းကအခန်းကိုသတိရသွားတာကြောင့်ကိုင်ထားတဲ့ပန်းအိုးလေးကိုခုံပေါ်ပြန်တင်ပြီးညာဘက်ဒေါင့်စွန်းအခန်းဘက်ကိုထွက်လာခဲ့သည်။

"ဒီအခန်းကဘာတွေများရှိလို့....သူကမဝင်စေချင်ရတာလဲ..."
သူထပ်မစဉ်းစားတော့ပဲအသက်ဝဝရှူ ကာတံခါးကိုဖွင့်လိုက်တော့မှောင်နေတဲ့အခန်းကြောင့်သူမီးခလုတ်ကိုရှာကာဖွင့်လိုက်သည်။

ရုတ်တရက်လင်းလာတဲ့အလင်းရဲ့စူးရှမူကြောင့်ရှိုင်းမျက်လုံးကိုတောင်မှိတ်မိသွားသည့်အထိပင်။ရှိုင်းမျက်လုံးဖြေးဖြေးချင်းဖွင့်ကာကြည့်မိတော့အရှေ့ကမြင်ကွင်ကြောင့်သူမျက်လုံးပြူ းရတော့သည်။

အခန်းတစ်ခုလုံးရှေးခေတ်ပစ္စည်းတွေနဲ့ပြည့်နေပြီးနံရံတွေပေါ်မှာလဲအမျိုးသမီးတစ်ယောက်ရဲ့ပန်းချီကားကနေရာအပြည့်ယူထားသည်။ရှိုင်းခုံပေါ်တင်ထားတဲ့ပုလွေဆီအကြည့်ရောက်မိသည်။သူဖြေးဖြေးချင်းလျှောက်လာကာထိုပုလွေကိုကိုင်ဖို့အလုပ်

နတ်ဆိုးရဲ့အသုံးတော်ခံ(or)ရွှေဖူးစာကြိုးချစ်ခြင်းပျိုးWhere stories live. Discover now