❤️Part 9❤️

711 50 13
                                    

Unicode

"ဒေါက် ဒေါက် "

"ဝင်ခဲ့ "

"အရှင်သခင် dinnerသွားဖို့အချိန်ရောက်လာပါပြီ "

စေတန်လက်ပတ်နာရီကိုတချက်ကြည့်လိုက်တော့၅နာရီတောင်ထိုးနေပြီဖြစ်သည်။သူလပ်တော့ကိုပိတ်လိုက်ကာအပေါ်ကုတ်ကိုယူပြီးသော်ဇင်နှင့်အတူအိမ်ပြန်လာခဲ့သည်။

စေတန်တို့ကားခြံထဲဝင်လိုက်ပြီဆိုလျှင်ပဲရှိုင်းတံခါးဝသို့ပြေးထွက်လာလေသည်။

စေတန်ကားပေါ်ကဆင်းဆင်းချင်းမြင်လိုက်ရတဲ့ရှိုင်းရဲ့ပုံစံကြောင့်ကားတံခါးတောင်ပြန်ပိတ်ဖို့သတိမရပဲငေးကြည့်နေမိသည်။

သူရှေ့မှာရပ်နေတဲ့ကောင်လေးကလူရောဟုတ်ရဲ့လားလို့သူတွေးနေမိသည်။တကယ်နတ်သားလေးတစ်ယောက်လိုပင်ချစ်ဖို့ကောင်းလွန်းသည်။သူတွေ့ဖူးတဲ့မိန်းမတွေထက်တောင်ရှိုင်းကပိုလှလွန်းသည်။သူကအမရာပဲလေလှမှာပေါ့။ဒီလိုတွေးမိပြန်တော့စိတ်ထဲမတင်မကျဖြစ်ရပြန်သည်။

"အရှင် အရှင်!!! "

ရှိုင်းခပ်ကျယ်ကျယ်အော်လိုက်မှစေတန်အသိဝင်လာသည်။

"ဘာလဲ "

"ကျွန်တော်အဆင်ပြေရဲ့လား ကြည့်ပါအုံး "
ဟုဆိုကာခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ပြလေသည်။

"အွန်း ကိုယ်သွားပြင်ဆင်လိုက်အုံးမယ် "

"ကျွန်တော်ကူညီပေးရအုံးမလား "

"မလိုပါဘူး "
ဟုဆိုကာစံအိမ်တော်ထဲသို့ဝင်သွားလေသည်။

ရှိုင်းဧည့်ခန်းထဲတွင်ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။လျှောက်နေရင်းခေါင်းကလဲအပေါ်ထပ်ကိုလှန်းလှန်းကြည့်နေရတာအမော။

"အရှင်ကကြာလိုက်တာနော် "

ခဏအကြာအပေါ်ထပ်ကနေနာရီပတ်ရင်းဆင်းလာတဲ့စေတန်။ခပ်ချေချေမျက်နှာပေးနဲ့နာရီကိုမကြည့်ပဲပတ်နေပုံကစမတ်ကျလွန်းသည်။

ရှိုင်းအရှင်ကိုပြုံးကာငေးကြည့်နေမိသည်။အနက်ရောင်suitကိုစမတ်ကျကျဝတ်ဆင်ထားသည့်အရှင်ကကြည့်ကောင်းသည်ထပ်ပိုလွန်းသည်။ဆံပင်ကိုပုံသွင်းထားတာကြောင့်နဖူးကျဉ်းကျဉ်းလေး၊ဖြောင့်စင်းနေတဲ့နှာတံ၊အသဲပုံနှုတ်ခမ်းနဲ့အရှင်ကမင်းသားတွေထက်တောင်ချောမောလွန်းလှသည်။

နတ်ဆိုးရဲ့အသုံးတော်ခံ(or)ရွှေဖူးစာကြိုးချစ်ခြင်းပျိုးWhere stories live. Discover now