❤️Part 8❤️

746 61 4
                                    

Unicode

စေတန်နှင့်ရှိုင်းအဝတ်စားဆိုင်သို့ရောက်တော့ဆိုင်ဝန်ထမ်းမလေးတွေကရှိုင်းကိုအဝတ်စားရွေးပေးဖို့ခေါ်သွားလေသည်။

သူကတော့ဧည့်သည်ခုံတွင်ထိုင်ကာသတင်းစာဖတ်ရင်းစောင့်နေလိုက်သည်။

"ဟယ်ကြည့်ပါအုံး နတ်သားလေးကျနေတာပဲ "

"ချောလိုက်တာ "

"ကြည့်ပါအုံး အဲ့ကောင်လေးချစ်ဖို့ကောင်းလိုက်တာ"

ဆိုင်ထဲကလူတွေရဲ့တစ်ယောက်တစ်ပေါက်စကားသံတွေကြောင့်စေတန်ကြည့်မိတော့အဖြူရောင်suitကိုဝတ်ဆင်ထားပြီးဆံပင်ကိုပုံသွင်းထားသည်ထင်အရင်လိုနဖူးပေါ်ဝဲကျမနေပဲ‌ရှင်းရှင်းလေးဖြစ်နေသည်။ဖြူဖွေးနေတဲ့အသားရေကြောင့်suitအဖြူရောင်လေးတောင်အရောင်မှိန်သွားသလိုပင်။

"အရှင် ကျွန်တော်ဒါလေးကြိုက်တယ် ကျွန်တော်နဲ့လိုက်တယ်မလား ဝယ်ပေးနော်"

ပြောနေပုံကကလေးတစ်ယောက်ကသူ၏မိခင်ကိုလိုချင်တာရဖို့အရေးမဲဆွယ်နေသလိုပင်။

"မင်းကြိုက်ရင်ယူလေ "

"ဟုတ် ကျွန်တော်သွားလဲလိုက်အုံးမယ် "

ခဏအကြာရှိုင်းအဝတ်စားလဲပြီးပြန်ထွက်လာသည်။

" ပြီးပြီမလားသွားမယ် "

"အရှင်ကရောမယူဘူးလား "

"ကိုယ်ကဘာဝတ်ဝတ်ချောနေပြီးသားလေ အဲ့တော့တွေ့တာပဲယူလိုက်တယ် "

"ဟွန့် လိပ်ကြီး "

"ဘာပြောတယ် "

"ဟီး ဘာမှမဟုတ်ဘူးသွားမယ်လို့ "

"ရော့ အထုတ်တွေကိုင် "
ဟုဆိုကာအဝတ်စားထုတ်တွေကိုရှိုင်းကိုပေးပြီးအရှေ့ကနေထွက်သွား‌တာကြောင့်ရှိုင်းမျက်နှာစူပုတ်ကာနောက်ကနေပါလာသည်။

ကားပေါ်တွင်

"အရှင် "

"အင်း "

"ကျွန်တော်ဗိုက်ဆာတယ် "

"စံအိမ်ရောက်ရင်ဒေါ်ကြီးကိုလုပ်ခိုင်းလိုက် "

"အိမ်မှာစားချင်တာမဟုတ်ဘူး အရှင်နဲ့အတူဆိုင်မှာစားချင်တာ "

နတ်ဆိုးရဲ့အသုံးတော်ခံ(or)ရွှေဖူးစာကြိုးချစ်ခြင်းပျိုးWhere stories live. Discover now