Zawgyi
Part 2
"အလို...ဒီကမိန်းမပျိုကအဘယ်ကြောင့်ကျွန်ပ်ဘေးရောက်နေရတာတုန်း...."
"အသင်ရဲ့သံစဉ်ကနားဝင်ချိုလွန်းလို့...ကျွန်ပ်နားထောင်မိတာပါ...အသင်အမျက်တော်မရှပါနဲ့..."
"မဟုတ်တာ... ကျွန်ပ်အမျက်တော်မရှပါဘူး...ရုတ်တရက်ဆိုတော့...လန့်သွားလို့ပါ..ဒါနဲ့အမိက..."
"တယ်ငမိုက်သား....အရှင်သမီးကိုတွေ့တာတောင်ဒူးမထောက်သေးဘူး..."
အထိန်းတော်ကြီးရဲ့စကားကြောင့်လုလင်ပျိုရဲ့မျက်နှာထက်စိုးရိမ်မူအချို့ပြေးလွှားသွားကာမင်းသမီးရှေ့ဒူးထောက်ချကာမြေကြီးနဲ့မျက်နှာအပ်လိုက်သည်။
"ဒီငမိုက်သားက....အရှင့်သမီးကိုအပြစ်ပြုမိခဲ့ပါပြီ...အရှင့်သမီးသဘောထားကြီးစွာခွင့်လွှတ်တော်မူပါ..."
"အိုး...ထပါရှင့်ထပါ...အထိန်းတော်ကြီးကလဲကျေးဇူးရှင်ကိုဒီလိုစကားတွေမဆိုရဘူးလေ..."
လုလင်ပျိုဟာမင်းသမီးကိုအသာမော့ကြည့်ပြီး"ကျေးဇူးရှင်..."
"ဟုတ်တာပေါ့..အသင်ရယ်...အသင်ရဲ့သံစဉ်ကြောင့်ကျွန်ပ်ရဲ့နှလုံးသားထဲမှာအေးချမ်းပြီးကျွန်ပ်ရဲ့စိတ်ကိုချမ်းမြေ့စေတာကြောင့်...အသင်ဟာကျွန်ပ်အတွက်ကျေးဇူးရှင်တစ်ပါးလိုပါပဲ..."
"မခံယူဝံပါဘူးမင်းသမီး..."
နေ့တိုင်းလိုလိုမင်းသမီးဟာလုလင်ပျိုရှိတဲ့တောထဲကိုလာကာသံစဉ်ကိုအစဉ်အမြဲနားထောင်လေ့ရှိသည်။အိုးးချင်းထားအိုးချင်းထိကြိုးချင်းထားကြိုးချင်ငြိဆိုသလိုမင်းသမီးအမရာနဲ့လုလင်ပျိုတို့ကသံယောဇဉ်ကြိုးတွေချည်နှောင်ခဲ့ကြသည်။"မောင်တော်ရဲ့ပုလွေသံကသိပ်နားထားလို့ကောင်းတာ..အဘယ်ကြောင့်နန်းတွင်းတေးဂီတပြိုင်ပွဲကိုဝင်မပြိုင်ချင်ရတာလဲ..."
"မောင်တော်ကလွတ်လွတ်လပ်လပ်နေရတာပဲသဘောကျတယ်အမရာ...နန်းတွင်းလိုမျက်နှာနှစ်ခွရှိတဲ့လူတွေကြားထဲမှာ...မောင်တော်မနေချင်ဘူး...နှမတော်ကနားလည်ပေးပါနော်..."
"မောင်တော်စိတ်အလိုတိုင်းပါပဲမောင်တော်ရယ်..."လုလင်ပျိုဟာမင်းသမီးကိုယ်လုံးလေးကိုရင်ခွင်ထဲထည့်ကာဖက်ထားလိုက်သည်။
YOU ARE READING
နတ်ဆိုးရဲ့အသုံးတော်ခံ(or)ရွှေဖူးစာကြိုးချစ်ခြင်းပျိုး
Non-Fiction[Unicode] နတ်ဆိုးဘုရင်နဲ့ဝံပုလွေကောင်လေးတို့ရဲ့ချစ်ခြင်းမေ့တ္တာတရားကိုပုံဖော်ထားခြင်းဖြစ်ပါတယ်။ နတ်ဆိုးတွေနဲ့ဝံပုလွေတွေရဲ့ရန်ပွဲတွေကြားမှာ သူတို့နှစ်ယောက်ရဲ့အချစ်တွေခိုင်မြဲနိုင်မလားဆိုတာ။ ဤဇာတ်လမ်းပါအကြောင်းရာများသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ ...