ep 1

20.5K 720 29
                                    

#Unicode

ရေဒီယိုက ပျံ့လွင့်နေတဲ့ သံစဉ်ချိုချိုလေးကိုနားထောင်နေရင်း airconပိတ်ပြီး ကားမှန်နှစ်ဖက်လုံးကိုချလိုက်သည်။ညဘက်ဖြစ်နေတော့ ကားတွေကနေ့ဘက်လောက်ရှုပ်မနေ။အပန်းဖြေအိမ်မှာလုပ်တဲ့အဖိုးရဲ့မွေးနေ့ပွဲကို သွားပြီးပြန်လာနေတဲ့Taehyungကားလေးက ဟန်မြစ်တံတားပေါ်ကို ဦးတည်လျှက်။သီချင်းသံပျံ့ပျံ့လေးရယ် လေအေးလေးရယ်နဲ့အတူ လမ်းရဲ့နီယွန်မီးရောင်အလှပါပေါင်းစပ်ထားတော့ ညဟာလှပနေ၏။မြစ်ရေပြင်ပေါ်ကဖြတ်တိုက်လာတဲ့လေအေးအရသာက ကားထဲကိုဝင်ရောက်လာတော့ Taehyungကိုလန်းဆန်းသွားစေသည်။ညဘက်အေးအေးဆေးဆေး ကားမမောင်းရတာအတော်ကြာခဲ့ပြီဖြစ်သောကြောင့်
အခုညကိုအိမ်တန်းမပြန်ဘဲ ကားပတ်မောင်းဖို့ဆုံးဖြတ်လိုက်သည်။

ကားလေးကိုပုံမှန်အရှိန်ထပ်လျှော့ကာ ခပ်မှန်မှန်လေးမောင်းနေတုန်း တစ်ဖက်လမ်းကြောကနေ ပြိုင်ကားသုံးစီးက တဝေါဝေါမြည်ကာ အရှိန်နဲ့မောင်းလာကြသည်။မလှမ်းမကမ်းက လူတွေက
အသံကြားရလို့သာ ပြိုင်ကားလို့ပြောနိုင်ကြလိမ့်မည်။သေချာမကြည့်မိပါက
ဘာဖြတ်သွားမှန်းတောင်သိမှာမဟုတ်။
မောင်းသွားကြတာ နည်းတဲ့အရှိန်မှမဟုတ်တာ။သူတို့ကိုယ်သူတို့ ကားပြိုင်ကွင်းရောက်နေကြတယ်များထင်နေလားမသိ။အမြန်လမ်းလဲမဟုတ်သလို
အများသူငါသွားလာနေတဲ့ဒီလမ်းကို
အရှိန်လွန်မောင်းသွားကြတာကိုက
ဘာကိုမှဂရုမစိုက်ကြကြောင်း ဖော်ပြနေသလိုပင်။

ယာဉ်တိုက်မှု့တွေဖြစ်ပါက သူတို့ရဲ့အသက်အန္တရာယ်ထိခိုက်ရုံမက တစ်ဖက်ကအပြစ်မရှိတဲ့ကားပေါ်ကလူတွေပါ တန်ဖိုးရှိတဲ့အသက်တွေဆုံးရှုံးရမှာမလွဲ။ လက်ရှိTaehyungအတွေးတွေပျံ့လွင့်သွားတာကတော့ သူ့ကား dashboardပေါ်ကဖုန်းမြည်သံကြောင့်ပင်။

"ဟယ်လို... မီရာ"

"Taehyungရေ နင်ဘယ်မှာလဲ"

"ငါအခုလမ်းမှာ မွေးနေ့ပွဲကပြန်လာနေပြီ"

"အေး...ဆေးရုံကိုလာတဲ့လမ်းကိုသာမောင်းခဲ့တော့ ဒီမှာဝန်ကြီးသားအဖွဲ့တဲ့
မဖြစ်စလောက်ဒဏ်ရာကို လာရစ်နေကြလို့ ငါတို့ကခွဲခန်းဝင်ရတော့မှာ
နင်ခဏလာရှင်းပေးမှရမယ်"

APOLLO Where stories live. Discover now