ep 9

5.1K 474 67
                                    

#Unicode

"စာချုပ်ကို အတွင်းရေးမှူးနဲ့ငါ့အိမ်ပို့ခိုင်းလဲရတယ်နော် မင်းအားရင်တော့ မင်းလာပေးပေါ့ နေရာတကာအတွင်းရေးမှူးကိုမခိုင်းဖို့တော့ ကြိုမှာထားမယ်နော်"

Jungkookမှာ မနက်စောစောထရတယ်။သူဝတ်ခိုင်းတဲ့အဝတ်ကိုဝတ်ရပြီး သူဖျော်တိုက်တဲ့ကော်ဖီကြဲကြဲကိုထိုင်သောက်နေရတယ်။သို့ပေမယ့်ပြီးသွားလာဆိုတော့လည်း မပြီးပါ။နားပူလာသည်အထိ မှာတမ်းခြွေနေတာကိုနားထောင်ရသည်။အလုပ်ကြောင်းပြောရင်မမှားဖို့၊ပြတ်သားစွာပြောဖို့၊အတွင်းရေးမှူးကို ကိုယ်ရေးကိုယ်တာကိစ္စတွေကို အထူးသဖြင့် မခိုင်းဖို့။
သူ့အတွင်းရေးမှူးကို ဘယ်သူကခိုင်းနေမှာလဲ။

"ဒီမုန့်ကိုမင်းဘယ်ဆိုင်ကဝယ်လာတာလဲ မွှေးနေတာပဲ"

မုန့်ဘူးလေးကိုဖွင့်လိုက်တာနဲ့တင်ချောကလက်အနံ့လေးကမွှေးပျံ့စွာထွက်ပေါ်လာသည်။

"ဘယ်ကဝယ်လာရမှာလဲ ဒီတိုင်းယူလာတာပေါ့ စားမယ်ဆိုရင် microwave ထဲမှာ၂မိနစ်လောက်နွှေးပြီးမှစား"

"ဒီတိုင်းစားရင်မရဘူးလား"

"ရတော့ရတယ် ဒါပေမယ့်သူ့ရဲ့အရသာကနွှေးလိုက်မှပိုပေါ်လာမှာ ပေး....လုပ်ပေးမယ် ခုံမှာသွားထိုင်နေ"

စကားများပြီးစူးစမ်းနေတဲ့ အကြောတင်းလေးလက်ထဲကနေ မုန့်ဘူးကိုယူပြီး ပန်ကန်ပြားတစ်ချက်ယူကာ donuts လေးကိုထည့်ပြီး microwave ထဲထည့်ကာနွှေးလိုက်သည်။မိနစ်ပြည့်သွားမှပန်းကန်ပြားလေးကိုထုတ်ပြီး ထိုင်နေတဲ့သူရှေ့ကိုယူသွားပေးလိုက်သည်။

"ဟင်....ချောကလက်တွေကအရည်ပျော်ကုန်ပြီ မင်းငါစားမယ့်မုန့်ကို တမင်ဖျက်ဆီးတာမလား"

Jungkookမှာတော့ စားကောင်းပါစေဆိုပြီး စေတနာနဲ့ကိုယ်တိုင်ကိုယ်ကျနွှေးပေးခဲ့တာပါ။ဆိုင်ကတကူးတကသယ်လာပြီး မမေ့မလျော့ ရေခဲသေတ္တာထဲလည်းထည့်သိမ်းထားပေးတာ။ဒါကိုဘာထဖြစ်ပြန်ရတာမှန်းမသိ။

"အခုကဘာဖြစ်နေလို့လဲ ချောကလက်ကအရည်ပျော်တာမဟုတ်ဘူး ဒီမုန့်ကိုက ချောကလက်အနှစ်ပျစ်ပျစ်လေးနဲ့စားရတာ မယုံရင်တစ်ဇွန်းဖဲ့စားကြည့်"

APOLLO Where stories live. Discover now