ep 14

5.2K 462 89
                                    

#Unicode

Jungkookအကို့ရုံးခန်းကနေအထွက်မှာ ရှေ့ကနေလျှောက်လာတဲ့ကောင်လေးကိုတွေ့တော့ပြုံးပြလိုက်သည်။ဂျူတီကုပ်အဖြူရောင်လေးနဲ့အရမ်းကိုလိုက်ဖက်နေတဲ့ကောင်လေး။

"အကို.....ဆေးရုံကိုလာတာလား ဘာဖြစ်လို့လဲ"

"အကို့အသိတစ်ယောက်ဆေးစစ်ချင်တာနဲ့ဒီမှာရက်ချိန်းလာယူပေးတာ
မင်းClubမှာအလုပ်လုပ်စရာမလိုတော့ဘူးပေါ့"

"ဟုတ်တယ်အကို ဒါပေမဲ့အကိုဂျေဟွာက ကားတစ်စီးပေးထားတယ် မယူပါရစေနဲ့လို့ပြောတာကို နောက်မှအရစ်ကျငွေသွင်းတဲ့လေ"

"အဲ့လောက်နဲ့အဲ့ကောင်မွဲမသွားဘူးကွ
ပြန်မပေးလဲရတယ် ဟားဟား"

မင်ဂျေက အကိုJungkookကိုနှုတ်ဆက်နေရင်းရုံးခန်းထဲကနေစီနီယာကပါထွက်လာသည်။

"မင်ဂျေအလုပ်ဝင်ရတဲ့ဆေးရုံကဒီဆေးရုံပဲကို အကိုကဟိုနေ့ကဂုဏ်ပြုပါတယ်ပဲပြောလိုက်ရတယ် ဘယ်ဆေးရုံလဲလို့မမေးလိုက်ရဘူး အဆင်ပြေတယ်မလား ဆရာဝန်လေးရဲ့"

"အခုလိုဆရာဝန်ဖြစ်လာတာ အကို့ကျေးဇူးတွေကြောင့်ပါ"

"မဟုတ်ပါဘူး အရာရာကမင်းကြိုးစားလို့ဖြစ်လာတာပါ အဲ့ဒါကြောင့်အကို့ကိုကျေးဇူးတင်နေတာတွေရပ်တော့"

မင်ဂျေလည်းအကိုနဲ့စီနီယာကိုနှုတ်ဆက်ပြီးတာနဲ့အလုပ်လုပ်ဖို့သွားရတော့သည်။အလုပ်ချိန်မှာ ကျေးဇူးရှင်လိုဖြစ်နေတဲ့အကို့ကိုတွေ့တော့နှုတ်ဆက်လိုက်မိပေမယ့် ကြာကြာနေလို့မသင့်တော်ပါ။

"မင်ဂျေနဲ့က သိနေတာပဲ"

"ဟုတ်တယ်အကို.....ကောင်လေးက...
အကို့ကိုတော့ ပြောပြပါမယ်......
မာမီတို့ပရဟိတအနေနဲ့လှူဒါန်းပေးနေတဲ့မိဘမဲ့ကျောင်းကပါ အထက်တန်းအောင်တော့ဆေးမှတ်လဲမှီ သူကလဲဆေးကျောင်းတက်ဖို့ဝါသနာပါတော့
နည်းနည်းကူညီပေးဖူးတာပါ အဲ့ဒါကြောင့်သိနေတာ"

"အော်...."

မင်ဂျေကမိဘမဲ့ကျောင်းကကောင်လေးမလို့ သူကူညီပေးထားတယ်ဆိုတာကိုတော့ဘယ်သူ့ကိုမှအထူးတလည်မပြောပြခဲ့။နောက်ကွယ်မှာအဲ့လိုဂုဏ်ဖော်နေတာမျိုးကိုသူသဘောမကျ။သူကူညီပေးလိုက်လို့ လိုအပ်နေတဲ့သူတွေအဆင်ပြေသွားတယ်ဆိုရင်ရပြီ။
ကျန်တာတွေမလိုအပ်ဘဲနဲ့တခြားသူတွေသိအောင်သူမလုပ်ချင်။လိုမှမလိုအပ်တဲ့အရာတွေဖြစ်သောကြောင့်။
ဒါမှသာသူကူညီပေးရတဲ့သူတွေလည်း လူအများကြားခေါင်းမော့နိုင်မည်လေ။
ကိုယ်လဲပျော်ရ လိုအပ်နေတဲ့သူတွေလဲအဆင်ပြေသွားတယ်ဆိုရင်ပဲ သူပီတိဖြစ်ရသည်။

APOLLO Where stories live. Discover now