ep 16

4.8K 427 46
                                    

#Unicode

Taehyungနဲ့မီရာရဲ့နားရက်ဖြစ်တာကြောင့် ဒီနေ့ကိုသူတို့အပြင်သွားဖို့တိုင်ပင်ထားကြသည်။APOLLOဆိုင်ကိုလည်းသွားဖို့ စီစဉ်ထားကြ၏။
မေမေကအိမ်ရောက်နေတာဖြစ်သောကြောင့် အခုရက်တွေမှာJungkookနဲ့သူ မတွေ့ဖြစ်ကြပေ။
ဖုန်းပြောရင်းနဲ့သာနေ့ရက်တွေကိုဖြတ်ကျော်နေရသည်။တကယ်ကပြေးတွေ့လိုက်ချင်တာ။မေမေ့ရှေ့မလို့မနည်းကိုထိန်းသိမ်းနေရသည်။

"သား မေမေ့သူငယ်ချင်းရဲ့သမီးလေးလေ ဆရာဝန်မလေးပဲသားရဲ့ သားတို့လူငယ်ချင်းတွေ့ကြည့်ပါလား သားဖေဖေကလည်းသဘောတူတယ် အဘွားကလည်းဖြစ်စေချင်တယ်တဲ့
သားတွေ့ကြည့်မလား မေမေချိန်းလိုက်မယ်လေ"

မနက်စာစားနေရင်းနဲ့မေမေက ပြောလာတော့ သူ့မှာဘာပြန်ပြောရမှန်းမသိ။အဘွားကသာဒီစကားတွေပြောနေကြပေမယ့် မေမေကတစ်ခါမှအိမ်ထောင်ဖက်တွေ့ဖို့ကိုပြောတာမဟုတ်တော့ အခုလိုကြားရတဲ့အခါ အံ့ဩသွားရခြင်းသာ။

"မေမေက သားကိုလက်ထပ်စေချင်ပြီလား မေမေပြောတော့ကိုယ်ချစ်တဲ့သူကိုတွေ့ရင် အပိုင်ချုပ်ထားဆို"

"အေးလေ သားကရှာမှမရှာပဲ မေမေကစောင့်နေတာလေ သားကမှခေါ်မလာတာကို မီရာလေးကိုရော သဘောမကျဘူးလား မီရာလေးနဲ့ဆိုရင်လည်း မေမေတို့ကသဘောတူတာပဲ"

"မီရာနဲ့သားက ဒီတိုင်းသူငယ်ချင်းပါမေမေရဲ့ သူကသားညီမလေးလိုပါပဲ
မေမေ့သူငယ်ချင်းသမီးနဲ့တော့သားမတွေ့ကြည့်တော့ပါဘူး"

Taehyung ကိုမေမေကအကဲခတ်ကြည့်နေတာသိသာသည်။သောက်လက်စကော်ဖီခွက်ကိုကိုင်ပြီး မျက်ဝန်းတစ်စုံကတော့ သူ့ကိုစူးစိုက်ပြီးကြည့်နေကာ မေးခွန်းကိုဆက်မေးသည်။

"သားမှာချစ်ရတဲ့သူရှိနေပြီလား မေမေ့ကိုအမှန်တိုင်းဖြေ မေမေကသားနဲ့အရာရာတိုင်ပင်ပြီးနေလာတာသိတယ်မလား
မေမေ့မှာသားအပြင်မရှိဘူး"

"ရှိနေပြီမေမေ ဒါပေမယ့်....အဲ့ဒါကလေ"

သူ့ရှေ့မှာထိုင်နေတဲ့သားကိုကြည့်ပြီးသူအင်မတန်စိတ်လှုပ်ရှားနေသည်။အတည်ပြုပြီးပြီဖြစ်ပေမယ့်လို့ အရင်ဆုံးမဟုတ်ပါစေနဲ့လို့ဆုတောင်းမိသည်။နောက်တော့ဟုတ်များဟုတ်ခဲ့ရင်ဆိုတာအတွက်တွေးရပြန်သည်။ဟုတ်ခဲ့ရင်လက်ခံနိုင်ဖို့ရာအဆုံးထိတွေးထားပြီးပေမယ့်လည်း တကယ်ကြုံတွေ့ရမယ်ဆိုတော့ ခံစားချက်ကပြောမပြတတ်အောင်တုန်လှုပ်နေခဲ့သည်။သူတောင်လူကြီးတစ်ယောက်ဖြစ်ပြီး တုန်လှုပ်နေပါက အခုသူ့သားလေးကရော တုန်လှုပ်နေရှာမှာပေါ့။ကြောက်နေတော့မယ်ထင်တယ်။သူမသားလေးလက်ကိုဆုပ်ကိုင်လိုက်တော့ လက်လေးတွေကအေးစက်နေပါရောလား။

APOLLO Where stories live. Discover now