ep 8

4.9K 503 41
                                    

#Unicode

ခြံရှေ့ကိုရောက်တာနဲ့ခြံတံခါးကိုremoteနှိပ်ပြီးဖွင့်လိုက်သည်။ပွင့်သွားတာနဲ့တစ်ပြိုနက် သူ့ရဲ့ကားလေးကအိမ်ရှေ့ပေါ်တီကိုအောက်ကိုခဏအတွင်းရောက်သွား၏။တစ်ခြံလုံး
မီးတွေလင်းနေပေမယ့် အိမ်ထဲကအလင်းရောင်ကတော့ခပ်မှိန်မှိန်လေးသာ။တံခါးpasswordကိုရိုက်ထည့်ပြီးတာနဲ့အထဲကိုဝင်လာလိုက်တော့
အဝင်ဝကမီးဆိုင်းကြီးတစ်ခုသာဖွင့်ထားပြီး ကျန်တဲ့မီးတွေကိုအကုန်ပိတ်ထားတာတွေ့ရသည်။လျှပ်စစ်မီးကိုခြွေတာသုံးစွဲတဲ့သဘောပေါ့။

မနက်ကပို့ပေးခဲ့တဲ့အဖြူရောင်အခန်းတံခါးကိုဖွင့်လိုက်တော့ မြင်လိုက်ရတာက ကုတင်ပေါ်မှာအိပ်နေတဲ့သူ။နံရံကပ်မီးရောင်မှိန်မှိန်လေးကို ဖွင့်ထားပြီး
စောင်ဖြူဖြူကြားမှာ နစ်မြုပ်နေ၏။
အိပ်နေတဲ့သူကိုကြည့်ပြီးမှ လက်ထဲကမုန့်ဘူးကို ရေခဲသေတ္တာထဲသွားထည့်ဖို့သတိရတော့သည်။ထမင်းစားခန်းကိုရှာဖို့ထွက်လာလိုက်ပြီး ဧည့်ခန်းမီးတွေကိုအရင်ဖွင့်လိုက်သည်။ဧည့်ခန်းမီးရဲ့အလင်းရောင်ကြောင့် မှန်တွေကာထားတဲ့ထမင်းစားခန်းကိုတွေ့လိုက်ရ၏။

ရေခဲသေတ္တာထဲကို မုန့်ဘူးထည့်ပြီးတာနဲ့ စာရေးပြီးထားခဲ့ကာ သူပြန်ဖို့စဉ်းစားလိုက်သည်။စာရွက်နဲ့ဘောပင်ကိုဧည့်ခန်းကစားပွဲပေါ်မှာရှိမယ်အထင်နဲ့ရှာဖို့လှည့်အထွက်မှာ သူ့ကိုပြူးပြီးကြည့်နေသောသူ။

"မင်း! သူခိုးလား ဘယ်လိုလုပ်ငါ့အိမ်ထဲကိုဝင်လာတာလဲ"

"သူခိုးလားဆိုတော့ သေချာပေါက်မဟုတ်ဘူးပေါ့ လက်ထဲမှာလဲ ဘေ့စ်ဘောတုတ်ကြီးနဲ့လူကိုရိုက်မလို့လား"

"ဒါဆိုရင် အချိန်မတော် သူများအိမ်ထဲဝင်လာတဲ့သူကို ငါကကြည်ကြည်ဖြူဖြူဧည့်ခံရမှာလား"

ဒါပေမယ့် အပြောနဲ့အလုပ်ခြားနားစွာ
သူ့ကိုရိုက်တော့မလာပါ။သို့မဟုတ် သူဆိုတာသိသွားလို့နေမှာပေါ့။

"ဧည့်ခံရမလားလူစိမ်းသာဆို ရိုက်ပစ် ဖြစ်လာတဲ့ပြသနာကို ဒီကောင်ရှင်းပေးမယ်"

သူ့ရင်ဘက်သူပုတ်ပြီး ကယ်တင်ရှင်ကြီးပမာပြောနေတဲ့ကောင်လေးက
သူနဲ့ကောင်းသောတွေဆုံခြင်းနဲ့သာစတွေ့ခဲ့မယ်ဆိုရင် Taehyung ခင်မင်ရင်းနှီးမိမှာအမှန်။

APOLLO Where stories live. Discover now