ep 31

2.9K 298 72
                                    

#Unicode
မနက်ဖြန်ညကို Jungkookဒယ်ဒီရဲ့မွေးနေ့dinnerဖိတ်ထားတာကြောင့် Taehyungမှာ ဘာလက်ဆောင်ယူသွားရမှန်းမသိဖြစ်နေသည်။Jungkookကလည်း သူ့မိဘအိမ်ကိုမနေ့ကတည်းကပြန်သွားတော့ သူ့ဒယ်ဒီဘာကြိုက်လည်းဆိုတာကိုမေးဖို့အချိန်မရလိုက်။နိုင်ငံခြားမှာနေတဲ့အမျိုးတွေပါအလည်ပြန်လာပြီးdinnerမှာစုံကြမှာလို့တော့ Jungkookကပြောပြထားသည်။

ကုန်တိုက်ထဲမှာဘာဝယ်ရမှန်းမသိလှည့်နေရင်းနဲ့ပဲ နာရီဝယ်ပေးဖို့သာဆုံးဖြတ်လိုက်သည်။နာရီဝယ်ပြီးနာရီဆိုင်ထဲကအထွက်မှာ ဟွမ်နဲ့မီရာကိုတွဲပြီးတွေ့လိုက်ရသည်။
ဟွမ်ရယ် မီရာရယ်တင်မဟုတ်ပဲ ဆယ်ရာပါသူတို့နဲ့အတူ စကားပြောပြီးရယ်မောကာ လမ်းလျှောက်လာကြတာ။
မီရာနဲ့ဆယ်ရာက ဘယ်တုန်းကရင်းနှီးသွားတာလဲ။
ဟွမ်ကTaehyungကိုအရင်သတိထားမိပြီးမြင်သွားကာ အံ့ဩတကြီးနှုတ်ဆက်လာသည်။

"အကို တစ်ယောက်တည်းလား ချိန်းထားတယ်ဆိုရင်လွဲအုံးမှာ အခုတော့တိုက်တိုက်ဆိုင်ဆိုင်ပဲဗျာ"

ဟွမ်နှုတ်ဆက်လာတာနဲ့တစ်ပြိုင်တည်း မီရာကအပြေးလာပြီး Taehyungလက်ကိုလာချိတ်ထားတော့သည်။

"ဟုတ်တယ် အကိုလည်းဝယ်စရာလေးရှိနေတာနဲ့ထွက်လာတာ ဒါနဲ့ဒီဘေးကတစ်ယောက်ကိုတော့ ငါမသိဘူးနော်..."

Taehyungက မီရာကိုကြည့်ပြီးစလိုက်သည်။ဆယ်ရာကတော့ ဒီစကားဝိုင်းကိုအရေးမထားသလိုလုပ်နေပြီး တခြားဆိုင်တွေကိုလိုက်ငေးနေကာ Taehyungကိုအကြည့်ပင်မဆုံ။

"ထယ်ထယ်လေးကလည်း ငါ့အချစ်ဆုံးလေးကနင်တစ်ယောက်တည်းပဲလေ နင်ကငါ့ရဲ့ပထမဆုံးဦးစားပေးလေးဆိုတာသိရဲ့သားနဲ့ ဟွမ်လေ....
သူတောင်မှ နင်နဲ့ယှဉ်ရင် နှစ် သုံး လေး ငါး
အဲ့လိုဖြစ်သွားတာ သိလား သိလား"

စိတ်ဆိုးနေတဲ့သူ့သူငယ်ချင်းကို အမိအရချော့ပြီး သူ့ကိုပါအဆင့်တွေချပေးနေတဲ့ မီရာကိုကြည့်ပြီး သဘောတကျနဲ့ဟွမ်မှာပြုံးနေရတော့တာ။ဆယ်ရာပါသူတို့နဲ့အတူပါလာတာမလို့ ဟွမ်မှာဆယ်ရာ့လက်ကိုဆွဲပြီး သူ့အနားခေါ်ထားလိုက်ရသည်။ဘာပဲဖြစ်ဖြစ် ဒီကောင်မလေးက သူတို့ရဲ့အချစ်ဆုံးသူငယ်ချင်းလေးဆိုလည်းဟုတ်၊ညီမလေးဆိုလည်းဟုတ်နေတာဆိုတော့ သူတို့ကဂရုစိုက်ပေးမြဲပါ။အခုလည်းအကိုTaehyungနဲ့မျက်နှာချင်းဆိုင်ဆုံနေတော့ နှစ်ယောက်လုံးကအနေတော့ခက်နေကြမှာပင်။

APOLLO Where stories live. Discover now