ep 30

3.5K 296 74
                                    

#Unicode

နေရောင်နွေးနွေးက အခန်းထဲဖြာကျနေပြီး မနက်ခင်းလေအေးနဲ့အတူ နေရောင်ခြည်နုနုရဲ့အနွေးဓာတ်လေးကိုပါတစ်ပြိုင်တည်းခံစားလိုက်ရသည်။ဝရန်တာရဲ့မှန်းတံခါးကိုအနည်းငယ်ဟပေးထားပြီး လိုက်ကာဖြူဖြူတွေကိုလည်း ဘေးတစ်ဖက်ကိုကပ်ပြီးစုချည်ထားသည်။ပြုလုပ်သွားတဲ့သူကိုတော့ အခုထိအခန်းထဲမှာမမြင်ရသေး။

ညတုန်းကအကြောင်းကိုပြန်တွေးလိုက်မိတာနဲ့ ရင်ထဲကြည်နူးခြင်းနဲ့အတူ ပြုံးနေမိတာအကြိမ်ကြိမ်ပင်။သူက ချစ်မြတ်နိုးရပါသောအချစ်ဦးလေးနဲ့အတူ ရူးမိုက်စွာဖြတ်သန်းလိုက်တာတဲ့လေ။တွေးကြည့်ရင်းတွေးကြည့်ရင်းနဲ့ကို သူ့ကိုသူလန့်လာမိသည်။သူက ယောက်ျားလေးတစ်ယောက်ကိုချစ်မိသွားပြီး အဲ့ကောင်လေးလက်ကိုဖမ်းဆုပ်ထားကာ ဘဝတစ်ခုလုံးပုံအပ်လိုက်သတဲ့။

သူကလေ အခြေကြီးတဲ့ Kim Taehyungမှဟုတ်ပါလေစ။ကိုယ့်အကြောင်းကိုယ်တွေးလိုက် ရယ်လိုက် စပ်ဖြဲဖြဲလုပ်လိုက်နဲ့အချိန်တော်တော်ကြာမှ မျက်နှာပိုးသတ်ပြီး အိပ်ယာမှထလိုက်ရတော့သည်။Taehyungလည်းအိပ်ယာထပြီး ရေချိုးခန်းအရင်ဝင်လိုက်သည်။ရေချိုးပြီးထွက်လာတော့ အိပ်ယားခင်းတွေကော ခေါင်းအုံးစွပ်တွေပါမကျန် အသစ်လဲနေတဲ့Jungkookကိုတွေ့လိုက်ရသည်။

"Morning အကို"

"အင်း......အဲ့ဒါတွေငါလုပ်မှာပေါ့ ထားလိုက်ပါ"

"ရတယ် ပြီးရင်လျှော်စက်ထဲထည့်လိုက်မယ်"

"လျှော်တတ်လို့လား သူဌေးသားလေးက"

Taehyungကမျက်နှာကိုcreamနည်းနည်းပါးပါး လိမ်းနေရင်းနဲ့သူ့ကိုလှမ်းစလိုက်မိသည်။အိမ်နေရင်းချည်သားအင်္ကျီနဲ့ချည်သားဘောင်းဘီကိုဝတ်ထားပြီး အိပ်ယာခင်းတွေ စောင်တွေ အသစ်လဲနေပုံက
သူကTaehyungထက်ကို အကြီးဖြစ်နေသလိုလို။

"လျှော်တတ်ပါတယ် မာမီက ကျွန်တော်အထက်တန်းတက်တဲ့အရွယ်မှာပဲ အဝတ်လျှော်တာ မီးပူတိုက်တာကိုသင်ပေးထားတယ် ယောက်ျားလေး၊မိန်းကလေးမှမဟုတ်ဘူး ဒီအလုပ်တွေက ကိုယ့်ကိုယ်ကိုတာဝန်ယူနိုင်တဲ့လူဖြစ်ဖို့ တတ်ထားသင့်တယ်တဲ့ အရွယ်ရောက်လာပြီဆိုရင်ကိုယ့်တာဝန်ကိုယ်ယူနိုင်ရမယ်တဲ့ အကိုက
ဒီလိုအမျိုးကောင်းသားလေးကို ရထားတာနော်"

APOLLO Where stories live. Discover now