ep 23

5.3K 425 106
                                    

#Unicode
ပြသနာတွေပြေလည်သွားတဲ့အချိန်ကစလို့Jungkookက သူ့အနားကနေမခွာပဲ ကြောင်ပေါက်လေးလိုတိုးဝှေ့နေတော့သည်။အိပ်ရာဝင်ခါနီး သွားတိုက်နေလည်း နောက်ကျောကနေသိုင်းဖက်ပြီးကပ်တွယ်နေမြဲ။ကိုယ်လက်သန့်စင်ပြီကုတင်ပေါ်ရောက်မှ Taehyungရဲ့ပြသနာကိုပြန်အထုတ်ဖြေဖို့ အစရှာရတော့သည်။

"ငါ မင်းကို မကျေနပ်သေးဘူးနော်
ငါ့ကိုဖြေရှင်းချက်ပေးဖို့အစီအစဉ်ရောရှိရဲ့လား"

"ကျွန်တော်တောင်းပန်ပါတယ် အရာအရာတိုင်းက ကျွန်တော့်ရဲ့ပေါ့ဆမှု့တွေပါပဲ မလိုအပ်တာတွေ လျှောက်တွေးခဲ့မိလို့ ဒီလိုတွေဖြစ်သွားရတာပါ"

မီးရောင်အဝါဖျော့ဖျော့လင်းနေတဲ့အခန်းထဲမှာ  ခဏတာတိတ်ဆိတ်သွားသည်။Taehyungစိတ်က စိတ်ဆိုးလွယ်သလို စိတ်ပြေလည်းလွယ်သည်။ကိုယ့်ကိုဦးစားပေးမှကြိုက်သလို ကိုယ့်ကိုဦးစားပေးလိုက်ရလို့ သူ့စိတ်မသက်မသာဖြစ်မှာလည်းစိုးရိမ်မိပြန်ရော။သူကတော့ရှင်းတယ်။ဘယ်အရာတွေနဲ့ယှဉ်လာပါစေသူချစ်တဲ့သူကိုပဲဦးစားပေးမှာ။တခြားသူတွေဘယ်လိုပဲစိတ်မကောင်းဖြစ်ပါစေအုံးတော့ သူ့ရှေ့ကဒီကောင်လေး ခံစားသွားရမှာမလိုလားဘူး။တစ်ယောက်တည်းကိုပဲသစ္စာရှိရှိချစ်ပြီး ရှိသမျှမေတ္တာတွေပုံအောပေးထားတာ။Jungkookကိုလည်း အဲ့လိုမျိုးလေးဖြစ်စေချင်ခဲ့တာ။

"အေးပါ လူအမျိုးမျိုး စိတ်အထွေထွေမဟုတ်လား သွေးမတော်တဲ့သူစိမ်းနှစ်ဦးပေါင်းစပ်ဖို့က ဒီလိုထပ်တူမကျတာတွေရှိသင့်တာပေါ့ ငါကလည်းစိတ်မြန်တာမလို့
အဲ့လိုအချိန်တွေဆိုရင် ဒေါသကတော်ရုံမဟုတ်ဘူး အဲ့ဒါကြောင့် နောက်ဆိုပွင့်ပွင့်လင်းလင်းပြောပါ အဲ့လိုကြိုသိရင်ငါခံနိုင်ရည်ရှိသေးတယ် မဟုတ်ရင်ငါပြိုလဲသွားလိမ့်မယ်"

သူ့စကားဆုံးတာနဲ့Jungkookက သူ့အနားတိုးလာပြီး အသာအယာ နူးနူးညံ့ညံ့လေးပွေ့ဖက်လာသည်။

"စိတ်ချပါအကို နောက်ဆိုကျွန်တော် ဘာမှချန်မထားပဲ အကုန်ဖွင့်ပြောပါ့မယ် တိုင်ပင်ပါ့မယ် တစ်ခုပဲကတိပေးပါ ကျွန်တော်နဲ့ဘယ်တော့မှလမ်းမခွဲပါနဲ့"

APOLLO Where stories live. Discover now