{Uni}
နှင်းစက်ဖြူ တို့အလူလူကျဆင်းနေသည့်ဆိုးလ်မြို့၏ဒီဇင်ဘာနံနက်ခင်း။
ချယ်ရီတို့ဝေဆာစွာဖူးပွင့်နေဆဲလမ်းမထက်၌အထီးကျန်နေသောနှလုံးသားတစ်စုံ။
Navyအကြောင်းတွေးလိုက်မိရုံနဲ့တင်မျက်ရည်ဝဲလာသည်ဝေးကွာခြင်းဆိုတာလူနှစ်ဦးဝေးနေမှဖြစ်တာမျိုးမဟုတ်ဘဲနှလုံးသားချင်းဝေးနေတာမျိုးလည်းဖြစ်နိုင်တယ်မလား။
"Jenoကိုဘယ်သူမှအမြဲချစ်မနေဘူးတဲ့"
ဒီလိုနေ့ရက်မျိုးမှာNavyစကားတွေကသိပ်မှန်တယ်။
"Jeno ရှုတင်စတော့မယ်မြန်မြန်လာ"
မန်နေဂျာအစ်မလှမ်းခေါ်တာနဲ့တွေးလက်စအတွေးတွေကိုလက်စသတ်ပြီးအလုပ်အပေါ်ပဲအာရုံစိုက်လိုက်သည်။
နေမထွက်သေးသည်မို့ Temperature က <8°C။ ထို့သို့အအေးဓာတ်ခုခံရင်းအဖွဲ့သားတွေအားလုံးကြိုးစားပမ်းစားရိုက်ကူးရေးလုပ်ကြရသည်ပေါ့။
တနလာင်္နေ့တွေကိုမုန်းတယ်အနုပညာလောကဆိုတာအချိန်ကြာလေရှင်သန်ဖို့ခက်လာလေပဲ ရထားတဲ့အောင်မြင်မှုနဲ့Idolဘဝကိုတစ်စုံတစ်ခုကြောင့်သာမစွန့်လွှတ်နိုင်ခဲ့တာ ဖက်တွယ်စရာရယ်လို့မရှိ။
ရိုက်ကူးရေးပြီးတဲ့အချိန်ကနေ့လည်12နာရီ။
အဆောင်ကိုပြန်သည့်လမ်း၌HaechanဆီကMsg
တစ်စောင်ဝင်လာသည်။"ထုံးစံအတိုင်းပဲ Practice Room ကိုလာခဲ့ Navy Noonaလည်းရောက်နေတယ်"
Messageဖတ်ပြီးပြီးချင်းပဲသက်ပြင်းတစ်ချက်ချလိုက်ပြီး ကားမှန်ကိုငေးကြည့်နေမိသည်။
"Practice Room ကိုမောင်းပေးပါ"
"ဟုတ်ကဲ့"
<The pretty flower awaits your call>
"လှပသောပန်းသည်မင်းရဲ့ခေါ်သံကိုစောင့်နေသည်""ဦးလေး အဲ့ဒီ့စကားအပေါ်ဘယ်လိုအဓိပ္ပါယ်မျိုးခံစားရလဲဗျ"