Secret Heartbeat

247 38 4
                                    

{Uni}

ကားထိုးရပ်​လိုက်​သည့်​ဟန်​မြစ်​၏​ဘေးပတ်​ဝန်းကျင်ကား​ငြိမ်သက်​တိတ်​ဆိတ်​စွာ။သို့​သော်​ကားထဲရှိအ​ငွေ့အသက်​တို့ကားမှီမည်​မထင်​ပေ။

​လေတဖြူးဖြူ တိုက်​ခတ်​နေသည့်အ​နေအထား​ကြောင့်​Jenoကားမှန်​အလိုလိုဖွင့်​လိုက်​မိသည်​။ဤသည်​ကားနှစ်​ယောက်​သားအ​နေခက်​မှုကို​ကျော်​လွန်​ရန်​လည်းဖြစ်​နိုင်​သည်​။

Jeno-"မင်း​တော်​တော်​စကားများတာပဲ Na Jaemin"

ငြိမ်​သက်​နေသည့်​တဒင်္ဂအခိုက်​အတန့်​ကို​ကျော်​လွန်​၍ထွက်​ပေါ်လာသည့်​စကားသံ။

Jaemin-"ပထမဆုံးအနမ်းပဲ"

Jeno-"Huh?"

Jaemin-"စ​တော်​ဘယ်​ရီနဲ့ပထမဆုံးအနမ်းပဲလို့"

ပါးစပ်​ဝတွင်​တေ့​နေ​သောစ​တော်​ဘယ်​ရီအားဖယ်​လိုက်​ကာ Jenoအား အားပြင်းပြင်းနှင့်​ပစ်​ပေါက်​လိုက်​သည်​။

Jeno-"ရူး​နေတာလား စ​တော်​ဘယ်​ရီသီးနဲ့နှုတ်ခမ်းနဲ့ထိတာကို​များစာဖွဲ့​နေလိုက်​တာ ရည်းစားမရှိမှန်းသိသာတာပဲ"

Jeno​လှောင်​ပြုံးပြုံးကာ ကား​ပေါ်မှဆင်းသွားသည်​ကြောင့်​Jaeminလည်း​နောက်​ကကပ်​လျက်​ပါသွား​သည်​။

Jaemin-(ထွီ စ​တော်​ဘယ်​ရီသီး​တွေ အမြင်​ကတ်​လိုက်​တာ)"မင်း! အလုပ်​ချိန်​မှာကားကိုယ်​တိုင်​မောင်းခွင့်​မရှိတာသိရဲ့သားနဲ့ ဒီကိုဘာလာလုပ်​တာလဲ"

Jeno-"ဒီတိုင်းပဲစိတ်​ပြေလက်​ပျောက်​ပေါ့"

​အေးတိ​အေးစက်​လေသံနှင့်​တုံ့ပြန်​ကာမြစ်​ကမ်း​ဘေး၌​မျက်​လုံးအစုံမှိတ်​ကာရပ်​နေသည့်​Jeno အား Jaemin​ခေါင်းအစ​ခြေအဆုံး​ငေးကြည့်​မိလိုက်​သည်​။

​ဘေးတိုက်​မြင်ကွင်း​အရခန့်​ညားလှသည့်​Jawline ခပ်​စင်းစင်းနှာတံအပြင်​မျက်​ဝန်းတန်​ဆာအလှဆင်​နေသည့်​မျက်​တောင်​ရှည်​တွေကားပြီးပြည့်​စုံမှုတစ်​ခု။

ဒါ့အပြင်​အရပ်​မြင့်​မြင့်​Bodyတွင်​သာမန်​T shirtအပါးအဖြူ ကို skinny Jeanအပြာ​ရောင်​နှင့်​တွဲဖက်​ဝတ်​ဆင်​ထားသည်​မှာ ရိုးရိုးရှင်းရှင်းနှင့်​ကြည့်​လို့​ကောင်းသည်​ထက်​ပို၍ပင်​။

Puzzle Piece(Ongoing)Where stories live. Discover now