Falling

264 33 5
                                    

{Uni}

"ဂျိန်း!!!"

လမ်းမထက်​၌ဦးတည်​ရာမဲ့စွာ​ပြေးလွှား​နေရင်း မိုးမင်း၏အချက်​ပေးသံနှင့်​အတူ တစ်​စတစ်​စနှင့်သည်းကြီးမည်းကြီးရွာချလာသည့်​မိုး​စက်​များ​ကြောင့်​မလှမ်းမကမ်းမြင်​ကွင်းရှိ 24/7 စတိုးတစ်​ခုထဲအမြန်​ဝင်​မိုးခိုခဲ့ကြသည်​။

မိုးကလည်းသဲ အကွာအ​ဝေးလည်း​တော်​တော်​ရောက်​ပြီမို့မိန်းက​လေးအုပ်​စုလည်းမျက်​ခြေပျက်​လောက်​ရော
​ပေါ့။

Jaemin-"မိုးအရမ်းသည်း​နေတာပဲ"

Jaeminစကားစ​ပေမယ့်​Jeno က​တော့နှုတ်​ဆိတ်​လျက်​သူ၏​ရေစို​နေသည့်​အ​ပေါ်ထပ်​ရှပ်​အင်္ကျီကိုချွတ်​ကာ​ရေညှစ်​နေရင်းခပ်လှမ်းလှမ်းမှ​Jaeminအား​စေ့​စေ့စပ်​စပ်​လှမ်းကြည့်​နေ၏။

Sweater အပြာနုနှင့်​short pantခဲ​ရောင်​ကိုဝတ်​ဆင်​ထားသည်​မှာက​လေးကလားဆန်စွာ black tee,black jean​ဝမ်းဆက်​ဝတ်​ထားသည့်​Jenoနှင့်​တခြားစီပင်​။

ဒါ့အပြင်​ဝတ်​ထားတဲ့Sweaterအပြာ​ရောင်​ကပါးလွန်း​တော့​ရေထိသည်​နှင့်​အသားတွင်​ကပ်​ကာ​အောက်​ခံမဝတ်​ထားသည့်​ခန္ဓာကိုယ်​ဖြူ ဖြူ အုအု​လေးမှာအထင်းသား။မိုးထိသည့်ပိတုန်း​ရောင်​ဆံနွယ်​တွေမှာလည်းေ​ရတဆက်​ဆက်​။

Jaemin-"ဘာကြည့်​နေတာလဲ"

Jeno-"​ရော့"

ဘာတစ်​ခွန်းမှ​ထွေ​ထွေထူးထူးမ​ပြောဘဲ​ရေညှစ်​ထားသည့်​အ​ပေါ်ထပ်​ကမ်း​ပေးလာသည်​မို့Jaeminလည်းအလိုက်​တသိယူကာကိုယ်​ပေါ်ထပ်​ဝတ်​လိုက်​သည်​။

Jaemin-"​ကျေးဇူးပဲ ဟီး"

Jenoအပြုအမူကိုနှစ်​ခြိုက်​စွာဖြင့်​သွားတွေတစ်​ဆုံး​ပေါ်​အောင်​ပြုံးရယ်ြ​ပလိုက်​သည့်​Jaemin။

နှုတ်​ခမ်းကပြုံး​နေ​ပေမယ့်​လည်းမျက်​ဝန်းထဲမှာ​တော့အ​နေခက်​သည့်​အရိပ်​အ​ယောင်​ပြည့်​နှက်​နေ​လေသည်​။

Jeno-"အင်း"

အရင်​နေ့​တွေကဘယ်​လောက်​ပဲရင်းနှီးသ​ယောင်​ရှိခဲ့ပါ​စေ လက်​ရှိမှာ​တော့အတူရှိ​နေရင်​အသက်​ရှူ သံကအစအ​နေခက်​စေသည့်​အ​ခြေအ​နေပြန်​ရောက်​သွားပြန်​ပါသည်​။

Puzzle Piece(Ongoing)Where stories live. Discover now