{Uni}
အရေးပေါ်ကားသံများဆူညံလျက်လူရုတ်ရုတ်သဲသဲညနေခင်း။
မျက်လွှာထက်တွင်ဖြတ်ပြေးနေသည့်မီးရောင်တစ်ချို့ကြောင့်အားယူကာမျက်လုံးပွင့်ရန်ကြိုးစားလိုက်မိသည်။
သက်ပြင်းရှည်တစ်ချက်ချလိုက်ရင်းလေးပင်နေသည့်ခေါင်းကိုထူလိုက်တော့ဘေးတွင်မားမားရပ်နေကြသည့်Haechanနှင့်Renjun။
အနားတွင်တစ်ယောက်ယောက်ရှိနေတော့အားအင်ပြည့်လာသလိုခံစားချက်ဖြင့်။
Jeno-"ဆေးရုံမှာပဲ...."
Haechan-"နိုးလာပြီလား ကျန်တဲ့သူတွေစောစောကပဲပြန်သွားကြတယ်ငါတို့အားလုံးမင်းကိုသေပြီတောင်ထင်နေတာ"
Renjun-"yarr စနောက်မနေနဲ့ Jenoပုံစံကိုလည်းကြည့်ဦး"
Renjunပြောသည့်စကားကြောင့်Jenoကိုယ့်ကိုယ်ကိုယ်သတိပြုမိတော့ တစ်ကိုယ်လုံးနာကျင်လျက်ပတ်တီးရာနှင့်မလွတ်ပေ။
Jeno-"ဒါနဲ့ဘယ်အချိန်ရှိပြီလဲ အား..."
တုပ်တုပ်မျှမလှုပ်ချင်လောက်အောင်ကိုက်ခဲနေသည့်
ခန္ဓာကိုယ်အား အားယူကာထလိုက်ရင်းနာရီကိုလိုက်ရှာမိသည်။Renjun-"မနက်4နာရီရှိပြီ မင်းမေ့တာ6နာရီမကတော့ဘူး ထလာသေးလို့တော်သေးတယ်"
Jeno-"နောက်တစ်နေ့တောင်ရောက်နေပြီပဲ မင်းတို့နားချင်ရင်ပြန်နားကြလေ ငါအဆင်ပြေပါတယ်"
Renjun-"အေးပါရော့ ဒီမှာမင်းရှာခိုင်းထားတဲ့စာအုပ်ငါတို့တွေအတူရှိလာတာဘယ်နှစ်ရှိပြီလဲ မင်းစာအုပ်ဖတ်တာဖြင့်တစ်ခါမှမမြင်ဖူးဘူး"
Renjunကသူနဲ့အတူပါလာတဲ့အိတ်ထဲကတစ်အုပ်တစ်အုပ်ကိုJenoခုတင်ပေါ်အရှိန်နှင့်ပစ်တင်လိုက်သည်။
Haechan-"ငါတော့စာမြင်ရင်မူးမေ့တောင်လဲချင်တယ်စာအုပ်ဖတ်ဖို့ဆိုအဝေးကြီးပဲ"
Jeno-"မင်းအကြောင်းမပြောလည်းသိတယ်ငါနားချင်ပြီပြန်ကြတော့သွား သွား"