{Uni}
တစ်နေ့လုံးလေးလံနေသမျှအဆောင်ရောက်မှပေါ့ပါးသွားတော့သည်။ပြန်ရောက်ရောက်ချင်းရေမိုးချိုးညစာစားပြီးကော်ဖီတစ်ခွက်ဖျော်ကာခြေလှမ်းတွေဟာအလိုလိုဝရန်တာဘက်ကိုလှမ်းမိနေသည်။
နာရီကြည့်လိုက်တော့12:00 AM။
အရင်လိုခေါင်းအုံနှင့်ထိလိုက်ရုံနဲ့အိပ်မောကျနေကျ
Jeno ဆိုတာမရှိတော့။အရွယ်ရောက်လာသည်နှင့်ပျော်အောင်အိပ်စက်နိုင်ဖို့ခက်ခဲလာသည်။အိပ်မပျော်သည့်ညတွေမှာ လမင်း၏အလင်းရောင်ဖျော့ဖျော့ဖြာနေသော ဝရန်တာဝယ်ထိုင်ရင်းကော်ဖီနွေးနွေးတစ်ခွက်ဟာ စိတ်အပန်းဖြေရာ။
ထိုအချိန်ဆိုတစ်နေ့တာလုံးဖြစ်ပျက်သမျှအကြောင်းစုံခေါင်းထဲဝင်လာတတ်သည်။
Jeno-"ဒီလောက်ဆိုးလ်မြို့အကျယ်ကြီးမှာ ဒင်းနဲ့မှလာဆုံနေရတယ်လို့ ဘယ်ဘဝကရေစက်ဆိုးများလဲ"
တွေးစရာတွေအများကြီးထဲမှJaemin အကြောင်းတွေးကာအလိုလိုငြီးသံထွက်နေသည်။
(📞📞)ထိုစဉ်Navy ဆီမှဖုန်းဝင်လာသည်။
Contactမှပေါ်လာသည့်Navyနာမည့်ကိုမြင်တော့
Jenoမျက်နှာပေါ်တွင်ဖန်တီးယူစရာမလိုသည့်အပြုံးတစ်ခုပေါ်လာသည်။အချစ်ဆိုတာဒါမျိုးနေမယ်သူ့နာမည်လေးမြင်လိုက်ရုံ/ အသံလေးကြားလိုက်ရုံနဲ့တင်အလိုလိုပြုံးမိသွားတာမျိုးပေါ့။
်
Jeno-"ဟယ်လို Navy ဒီအချိန်ကြီးမအိပ်သေးဘူးလားဗျ"Navy-"အိပ်မပျော်လို့ပေါ့နောက်ပြီးသိချင်တာလည်းရှိလို့"
Jeno-"ဘာများလဲ"
Navy-"Jeno အစ်မကိုရှောင်နေတာလား"
Jeno-"မဟုတ်ပါဘူးဗျ"
Navy-"ဒါနဲ့...အစ်မပြောထားတာရော စဉ်းစားပြီးပြီလား"
အင်း..မိန်းကလေးဘက်ကဒီလိုစကားမျိုးစပြောလာတော့ Lee Jeno တို့အနေခက်သား။
![](https://img.wattpad.com/cover/286089466-288-k386855.jpg)