Destiny I

272 35 2
                                    

{Uni}

July 26

မြင့်​မား​သော​နေ​ရောင်​ခြည်​များ ကြည်​လင်​သော​အပြာ​ရောင်​ကောင်းကင်​တစ်​ခွင်​ပျံ့လွင့်​နေသည်​။

M Lee-"Debutအတွက်​ဂုဏ်​ပြု ပါတယ်​"

Haechan-"ပထမဆုံးStageမို့လို့လားမသိဘူးစိတ်​လှုပ်​ရှားလိုက်​တာ"

Debutပြီးစပူပူ​နွေး​နွေးမို့M Countdownတွင်​ဖျော်​ဖြေရန်​ရောက်​ရှိ​နေကြ၏။ အားလုံးလည်း​စိတ်​ရောကိုယ်​ပါတက်​ကြွကာ​ပျော်​ရွှင်​နေကြ​သည်​။

Jeno-"ဂင်​ချားနား​ရော့​ရေနည်းနည်း​သောက်​လိုက်​"

Haechan-"မင်းဘာဖြစ်​တာလဲ ရုတ်​တရက်​ကြီး"

Jeno-"နားမငြီးခင်ပါးစပ်​ပိတ်​သွား​အောင်​ရေ​သောက်​ခိုင်းထားတာ​လေ"

လူ​တွေကသာအရွယ်​ရောက်​တာခုထိက​လေး​တွေကိုတစ်​ယောက်​နဲ့တစ်​ယောက်​စ​နောက်​နေကြတုန်း။

<📲📲📲 >Navyဆီမှဖုန်းဝင်​လာသည်​။

Jeno-"ဟယ်​လို Navyမလာ​သေးဘူးလား မကြာခင်​
ကျွန်​တော်​interviewပြီးစင်​ပေါ်တက်​ရ​တော့မှာ"

ပထမဆုံးStageမို့Navyအားအနားမှာရှိ​စေချင်​မိတာအမှန်​ပင်​။

Navy-"အွန်းနည်းနည်း​နောက်​ကျမယ်​အစ်​မဝင်​စရာ​နေရာရှိလို့"

M Lee-"Jeno လာ ရိုက်​ကူး​ရေးစ​တော့မယ်​"

မန်​နေဂျာလီလှမ်း​ခေါ်တာနဲ့ဖုန်းအမြန်​ချပြီးinterviewဝင်​လိုက်​သည်​။

'ဒီတစ်​ခေါက်​ဖျော်​ဖြေမှာက​တော့ ပထမဆုံး Stageမှာ " My First and Last"သီချင်းနဲ့​ဖျော်​ဖြေမယ်​'့Dream'အဖွဲ့ရဲ့Debut Performance ဖြစ်​ပါတယ်​'

Interviewပြီးသွားတဲ့နဲ့performanceစတင်​သည်​။

First Stageဆို​ပေမယ့်​လည်းအမှားအယွင်းမရှိ​အေးချမ်းစွာပြီးဆုံးသွားခဲ့သည်​။

AT Back Stage Waiting Room။

Jeno-"Navy​ရောမလာ​သေးဘူးလား?"

M Lee-"ခဏ​နေ​ရောက်​မယ်​တဲ့​စောင့်​နေဖို့အစ်​မကိုဖုန်းဆက်​တယ်​"

Jeno-"မလာ​သေးရင်​ကျွန်​တော်​....."

Jenoစကားမဆုံးခင်​ပဲNavy​ရောက်​ချလာသည်​လက်​ထဲတွင်​လည်းcarnationပန်းစည်းနှင့်​။

Puzzle Piece(Ongoing)Where stories live. Discover now