I knew,it was 'LOVE'

350 40 13
                                    

{Uni}

"ကိုကို Jeno"

မြို့ပြနှင့်​အနည်းငယ်​ဝေးလံကာ​အေးချမ်းလှသည့်​ပင်​လယ်​ကမ်း​ခြေအနီးတွင်​တည်​ရှိသည့်​မိဘမဲ့​ဂေဟာငယ်​လေးတစ်​ခုတွင်​ဖြစ်​သည်​။

Jaeminလည်း​တစ်​ခါမှမ​ရောက်​ခဲ့ဖူး​တော့မည်​သည့်​နေရာမှန်းအတိအကျမသိ​ပေမယ့်​ဂေဟာထဲကားဆိုက်​လိုက်​ချင်းပဲ​ပြေးထွက်​လာသည့်​က​လေးမ​လေး​ကြောင့်​ပြုံးလိုက်​မိ၏။

အသားဖြူ ဖြူ ပါး​ဖောင်း​ဖောင်း​လေးနှင့်​ရယ်​လိုက်​ရင်​ခွက်​ဝင်​သွားသည့်​ပါးချိုင့်​လေး​ကြောင့်​ချစ်​စရာ​ကောင်းသည်​ထက်​ပို​နေသည်​မှာအမှန်​ပင်​။

Jeno-"Yar Yar ဒီကိုလာပါဦး အများကြီးထွားလာလိုက်​တာ"

Yar Yar-"ကိုကိုအရင်​လကဘာလို့မလာတာလဲ​စောင့်​နေတာ"

Jeno​ခေါ်လိုက်​တာနဲ့Jenoရင်​ခွင်​ထဲ​ပြေးလာပြီးကပ်​ချွဲ​တော့သည်​။

Jeno-"မမNavyမအားလို့မလာဖြစ်​တာ​ပေါ့ ခု​တော့
Yar Yarအတွက်​မုန့်​တွေများကြီးဝယ်​လာတယ်​"

Yar Yar-"ဒီကကိုကို​ချော​ချောကဘယ်​သူလဲ မမ​ရောမပါဘူးလား"

Jeno-"မမကအလုပ်​တွေရှုပ်​နေတာပါYar Yarရဲ့ အဲ့တာ​ကြောင့်​ဒီကိုကိုနဲ့လာတာ ကိုကို့နာမည်​က Na Jaemin တဲ့ နှုတ်​ဆက်​လိုက်​ပါဦး"

Yar Yar-"ဟိုင်း ကိုကို Jaemin"

Jaemin-"ဟိုင်း..."

အကွာအ​ဝေးတစ်​ခုက​နေပြီးရုပ်​တည်​နဲ့လက်​လှမ်းပြ​နေသည့်​Jaeminအမူအရာ​ကြောင့်​Jenoမျက်​မှောင်​ကြုံ
သွားပြီးYar YarအနားမှာထကာJaeminအနားသို့​ရောက်​လာခဲ့သည်​။

Jeno-"ဘာလုပ်​တာလဲ က​လေးကိုနည်းနည်း​တော့ပြုံးပြမှ​ပေါ့"

Jaemin-"မပြုံးချင်​ပါဘူး"

Jeno-"မင်းက​တော့...."

Jaemin-"ငါမှက​လေးမချစ်​တာ ဒီကိုလာမယ်​မှန်းလမ်းကျမှသိလို့​ပေါ့ အဲ့တာမှန်းသိ​ရင်​လိုက်​မလာပါဘူး"

ဒီလူသားက​ပြောရဆိုရခက်​လက်​ပေါက်​ကပ်​တာပဲ။

Jeno-"Na Jaemin ရယ်​အရှုံး​ပေးပါတယ်​နည်းနည်း​လောက်​တော့​လျှော့​ပေးပါ"

Puzzle Piece(Ongoing)Where stories live. Discover now