Love:Square

263 38 4
                                    

{Uni}

*လူကြီးမင်း​ခေါ်ဆို​သောတယ်​လီဖုန်းမှာမအား​သေးပါရှင်​*

Jeno-"ဘာ​တွေလုပ်​နေတာလဲ ဟူး"

Navyကိုဖုန်းဆက်​နေတာ ၁ဝမိနစ်​လောက်​ရှိပြီ ရုပ်​ရှင်​ရုံမှာဆက်​စောင့်​နေတာများလားလို့​တွေးကြည့်​ပေမယ့်​လည်းမဖြစ်​နိုင်​ပါဘူးဟုငြင်းဆန်​နေသည့်​အသိ။

စိတ်​ဆိုးစိတ်​ကောက်​တာများလားမ​ပြောတတ်​ပေမယ့်​မအားတာ​တော့မဖြစ်နိုင်​ဖုန်းကိုရည်​ရွယ်​ချက်​ရှိရှိမကိုင်​တာပဲဖြစ်​မယ်​ဟုစဉ်းစားမိရင်း​ခေါ်​နေသည့်​ဖုန်း
screenကိုပိတ်​လိုက်​ကာJaeminရှိရာဘက်​သို့​လျှောက်​လာခဲ့သည်​။

Jaemin-"ဟိတ်​လူ ညစာစားပြီးပြီလား"

Jenoအနား​ရောက်​တော့Jaeminကစကားစတယ်​။

Jeno-"အင်း မင်း​ရော"

Jaemin-"ပြီးပြီ​ပေါ့"

Jeno-"အင်း"

တည်​ငြိမ်​လွန်း​သောJeno၏တုံ့ပြန်​မှူနှင့်​အတူဆိုဖာတွင်​ထိုင်​ချလိုက်​သည့်​Jenoအားကြည့်​ရင်းJaemin
သက်​ပြင်းချမိသည်​။

Jaemin-"ရုပ်​ရှင်​ရုံကိုတစ်​ယောက်​တည်းလာတာလား"

Jeno-"​အမျိုးသမီးတစ်ေ​ယာက်​နဲ့"<အရမ်းတိကျပြတ်​သားပဲ>

Jaemin-"ချစ်သူ​ပေါ့​တကယ်​ရောချစ်​ရဲ့လား"

Jeno-"...."

မထင်​မှတ်​ထားသည့်​Jaemin၏​မေးခွန်း​ကြောင့်​Jeno​တွေ​ဝေသွားမိသည်​။

Jeno-"ဘာလို့ဒီလို​မေးတာလဲ"

အံသြတကြီး​ခေါင်း​လေး​စောင်းပြီး​မေးလိုက်​သည့်​Jenoအမူအရာ​ကြောင့်​Jaeminပြုံးလိုက်​မိကာ...

Jaemin-"သံ​ယောဇဉ်​ကိုအချစ်​နဲ့အထင်​မှား​နေကြတဲ့လူ​တွေလည်းရှိ​နေနိုင်​တာပဲ​လေ စိတ်​ထဲမထားပါနဲ့ ဒီတိုင်း​မေးလိုက်​တာ ရာသီဥတုက​ကောင်း​ပေမယ့်​နှစ်​ယောက်​တည်းဆို​တော့ပျင်းစရာကြီး"

Jeno-"ရာသီဥတုကဘယ်​မှာ​ကောင်း​နေလို့လဲ မိုး​တွေဒီ​လောက်​သည်း​နေတာကို"

Jaemin-"ဒါ​ကောင်းတာပဲ​လေ မိုး​ရေထဲမှာခံစားချက်​ရှိ​မျောလွင့်​နေနိုင်​တယ်​တိမ်​ကင်းပြီးသာယာတဲ့​နေထက်​မိုးအုံ့ပြီးတိမ်​ထူ​နေတာကိုပိုကြိုက်​တယ်​"

Puzzle Piece(Ongoing)Where stories live. Discover now