Magical Peinture 3

561 70 4
                                    


(Note: အရင်နှစ်ပိုင်းမှာမပြောလိုက်ရလို့ပါ
Australiaနဲ့ဆက်စပ်တဲ့ ကာရိုက်တာတွေအကုန်လုံးရဲ့ Dialogueတွေက English(Australia-acent)နဲ့ပြောတာလို့သတ်မှတ်ပေးကြပါနော်....,
ခုအပိုင်းကစပြီး Engလိုပြောတဲ့နေရာများကို အနက်ရောင်စာလုံးနဲ့ဖော်ပြပေးပါမယ်)

ကျောင်းစဖွင့်သည့်နေ့ဖြစ်သော်လည်း လေ့ကျင့်ရန် နည်းပြကခေါ်ထားတာကြောင့် မနက်စောစော လူရှင်းနေတဲ့လမ်းပေါ်  ‌Sunghoonလျှောက်လာခဲ့သည်။ လေ့ကျင့်ရေး ပစ္စည်းများကိုတော့လွန်ခဲ့သောနှစ်ရက်လောက်က ကျောင်းလော်ကာခန်းထဲသို့ပြောင်းထည့်ပြီးပြီဖြစ်တာကြောင့်ယနေ့တော့ လူသာလာယုံပင်။ မနက်စာမစားခဲ့ရသည်မို့သောက်နေကြ ကော်ဖီဆိုင်မှ ကော်ဖီတစ်ခွက် ၀ယ်သွားရန် ဆိုင်ထဲသို့၀င်လိုက်သည်။ အရင်နေ့များနှင့်မတူပဲ ဆိုင်၏အပြင်အဆင်များမှာ အသစ်လဲထားပုံပေါ်တာ‌ ကြောင့်ဟိုဟိုဒီဒီကြည့်‌မိသည်။ခွေးလေးတစ်ကောင်ပါတွေ့တာကြောင့်  အနားကပ်လိုက်ပြီး ခေါင်းလေးကို အသာအယာပွတ်ပေးနေစဉ်

"ကျောင်းသား ဘာမှာမလဲ"

အရပ်ရှည်ကာခန္ဓာကိုယ်သွယ်သွယ်နှင့် အမျိုးသားတစ်ယောက်။
ဆံပင်ဂုတ်‌လောက်ရှိပြီးအသက် 40လောက်ရှိမည့်အရင်ဆိုင်ရှင်ဦး‌လေးနှင့်လားလားမျှမတူပဲSunghoonထက် နှစ်နှစ်သုံးနှစ်လောက်သာကြီးမည့်ပုံ‌ပေါ်သည် ။

"ဆိုင်ရှင်ပြောင်းသွားတာလား"

"အော်......
မင်းကဒီဆိုင်ကသောက်နေကျထင်တယ်
မနေ့ကပဲဒီဆိုင်ကို ကျွန်တော်၀ယ်လိုက်တာ"

ထိုလူက ချိုသာသောအပြုံးဖြင့်ပြောပြလာသော်ညား Sunghoonသူသိချင်တာသိရပြီမို့ ဘာမှဆက်မမေးတော့ပဲ ကော်ဖီသာမြန်မြန်မှာလိုက်တော့သည်။

"Vanilla latteတစ်ခွက်ပေးပါ"

ကမ်းပေးလာသောကော်ဖီခွက်ကိုကိုင်ရင်း ထွက်လာခဲ့သည်။ ပြောရမည်ဆိုလျှင် Sunghoonသည် ထိုဆိုင်မှနေ့စဉ်၀ယ်သောက်နေကြဖြစ်သော်လည်း အရင်ဆိုင်ရှင်ဦးလေးနှင့်စကားပြောဖြစ်သည်မှာ
"ပုံမှန်ပဲလား"
နှင့်
"ဟုတ်ကဲ့" ကလွဲ၍ မရှိပေ။ထို့ကြောင့် ဆိုင်ကိုတစ်ခြားသူအားရောင်းမည့်အကြောင်းသူ့အားတစ်ခွန်းမှမပြောခဲ့သည်မှာလည်း ဆိုင်ရှင်ဦးလေးအလွန်တော့ မ‌ဟုတ်ပေ။ရုတ်တရက် ဆိုင်ပိုင်ရှင်ပြောင်းသွားသည့်အကြောင်းစဉ်းစားနေရင်း လက်ထဲမှကော်ဖီကိုအခုမှသောက်ဖို့သတိရသည်။တစ်ဂွတ်မြိုချလိုက်သည်နှင့်တပြိုင်နက်

Magical Peinture Where stories live. Discover now