Magical Peinture 6

459 71 19
                                    

Sunghoonမနက်တစ်ပိုင်းလုံး လေ့ကျင့်ရေးအခန်းထဲတွင် အချိန်ကုန်နေခဲ့သည်။ထမင်းစားချိန်ရောက်နေပြီမို့ ခနနားလိုက်ရင်း Projectအတွက် စာဆွေးနွေးရမည်ကို သတိရမိသည်။သိရသလောက် နေ့လည်ခင်းတွင် အတန်းမရှိတာကြောင့် Jakeအခန်းထဲကထွက်လာလောက်မည့်အချိန်ကိုကိုက်ကာ ဖုန်းဆက်လိုက်လိုက်ရမလား မဆက်ရမလားဟူ၍ တွေဝေနေသည်။

စာသင်ချိန်ပြီး၍ တစ်ခန်းလုံး တစ်ယောက်တစ်ပေါက် ဆူညံနေကြစဉ် Jakeသူ၏လွယ်အိတ်ထဲမှ လှုပ်ရှားမှုတစ်ခုကြောင့် ဖုန်းကိုထုတ်ကြည့်လိုက်သည်။မထင်မှတ်ထားသည်က Park Sunghoonက သူ့အားဖုန်းခေါ်နေသည်တဲ့လား။အလျှင်အမြန်ပဲဖုန်းကိုလက်ခံလိုက်ကာ

"ဟယ်လို... Sunghoon
မင်းငါ့ကိုဖုန်းဆက်တာပဲ.."

".... Projectအတွက် စာအတူလုပ်ရမယ်ဆိုလို့"

"အင်း...ငါတို့‌နေ့လည်စာစားပြီး စလုပ်ကြမလား ငါကအတန်းပြီးပြီ...မင်းကော"

"ငါလည်းလေ့ကျင့်တာပြီးပြီ"

"ဒါဆို....အားကစားခန်းမရှေ့လာခဲ့မယ်"

ကျောင်းအနီးအနားရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အတူ၀င်ထိုင်ဖြစ်ကြသည်။လူများပြည့်ကျပ်နေသည်မဟုတ်သော်ညား ဖြတ်သွားသည့် ကျောင်းသားကျောင်းသူတစ်ချိူ့မှာတော့ လှည့်ကြည့်လှည့်ကြည့်နေနဲ့ပင်။Parksunghoonသည် မည်သူနှင့်မှ ထမင်းအတူထိုင်စားမည့်သူမျိုးမဟုတ်သည်မှာ အားလုံးအသိမို့ စိမ်းသက်‌‌သည့်မြင်ကွင်းတစ်ခုအဖြစ် တည်ရှိနေပေတော့သည်။

                           -

ထိုသို့နှင့်‌နေ့ရက်များကိုဖြတ်သန်းရင်းအလင်းရောင်ဖျဖျ စီးကြိုသည့်နံနက်ခင်းတိုင်းတွင် Sunghoonလာမည့်အချိန်နှင့်ကိုက်၍ Jakeနိုးထတတ်လာသည်။မနက်စာအတွက်တော့ ကော်ဖီဆိုင်က အကိုHeeseung၏ တာ၀န်ပင်ဖြစ်နေတတ်သည်။ကြုံရင်ကြုံသလို ကော်ဖီဆိုင်တွင်ထိုင်ကာ စာလုပ်ဖြစ်ကြတာကြောင့်အကိုHeeseungနှင့်ပါ ပို၍ ရင်းနှီးလာခဲ့သည်။Jakeနှင့်Sunghoonတို့ သိသိသာသာအဆင်‌ပြေပြေတွဲသွားတွဲလာရှိလာသည်မို့ နဂိုက Sunghoonကို ပင် ကြောက်စရာလူလို ထင်မှတ်ခဲ့ကြသည့်တစ်ချိူ့ကျောင်းသားများမှာလည်း အမြင်ပြောင်းလဲစ ပြုလာပေပြီ။

Magical Peinture Where stories live. Discover now