Magical Peinture 22-1

345 41 3
                                    

*တီ.....*

"ဟယ်လို..."

တစ်ဖက်ကဖုန်းကိုင်သံကိုကြားတော့Jakeအားရ၀မ်းသာစကားစမိသည်။

"Jasper...."
"သူကျွန်‌တော့ဆီကို ပြန်လာပြီ"

"သူ....?"
"အာ....မင်းဟိုတစ်ခါပြန်လာတုန်းကပြောပြခဲ့တဲ့ ...."

သူငေးကြည့်ခဲ့တဲ့ပန်းချီကားပိုင်ရှင်
သူ့ရဲ့သူငယ်ချင်း ပြီးတော့ သူသဘောကျတယ်ဆိုတဲ့သူ.....။အဲ့ဒီလူက သူနဲ့ရွယ်တူကောင်လေးတစ်ယောက်ဖြစ်နေတာကိုလည်းထူးဆန်တယ်လို့မထင်မိတာတော့အမှန်ပင်။Jakeက အချိန်တစ်ခုလောက်ကစပြီး ဒီပုံကိုဆွဲတဲ့သူဟာယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ရအောင် ရှာမယ်လို့ တစ်သသပြောနေခဲ့တာကြောင့်လည်းပါမည်။ခုတော့မျှော်လင့်ထားတာထက်ပိုပြီး ချစ်မိနေတယ်ဆိုတော့လည်း ဘယ်တတ်နိုင်မလဲလေ ကိုယ့်ညီ နှလုံးသားကိုသွားလှန်ပစ်လို့မှမရသည်ပဲ ။

"ဒါနဲ့ အဲ့ဒီအကြောင်းပြောဖို့အခုအချိန်ကြီးဖုန်းဆက်တာလား ည2နာရီကြီးလေ..."

Jasperဆီက အိပ်ချင်မူးတူးဆိုလာသံကိုကြားမှဟိုမှာည2နာရီ‌ ကျော်နေမှနJakeသတိရမိသည်ပင်။

"အား...ဟုတ်သားပဲJasper
အကိုအိပ်နေပြီမလား..."

"ကြိတ်ရယ်နေတာမလား
သေချာပေါက်အိပ်နေပြီပေါ့..
ဒါပေမယ့်လည်း တစ်ယောက်အပြင်မရှိတဲ့ညီလေးပျော်နေတာမို့ နားထောင်ပေးလိုက်ပါမယ်"

A moment later....

"ဒါနဲ့အကိုကရော.....
အကိုအိမ်မပြန်တော့ဘူးလား"

"ပြန်ရမှာပေါ့...
ဒါပေမယ့်....အခုတော့မဟုတ်သေးဘူး"

"Jasper ...
အမTracy နောက်ကြောင်းလိုက်တာလည်းလိုက်တာပေမယ့် အကိုလည်းဂရုစိုက်နော်"

"အင်း ....အကို့ကိုစိတ်မပူပါနဲ့"

                            -

Sunghoonအား ထိုနေ့ကအကြောင်းစုံကိုပါရှင်းပြပြီး နှစ်ယောက်သားအဆင်ပြေသွားပြီဖြစ်ကြောင်း အကိုHeeseungကိုပြောပြဖြစ်တော့ စစတွေ့ချိန်ကတည်းက ကြည်လဲ့နေခဲ့သည့် ရွှင်မြမြမျက်၀န်းတစ်စုံတွင် ရောင်ခြည်‌ နွေးနွေးတို့ကိုမတွေ့ရတော့ပေ။

Magical Peinture Where stories live. Discover now