Magical Peinture 22-3

329 42 5
                                    

Sunghoon စိုးရိမ်ထိတ်လန့်မှုတို့နှင့်အတူနှင့် Heeseung၏ လဲကျ‌နေသောကိုယ်အား
နိုးလာလိုနိုးလာညား လှုပ်နှိုးနေမိသည်။တုန်ရင်နေသည့်လက်များဖြင့် မရဲ၀င့်စွာ လည်ပင်းရှိသွေးကြောများကိုစမ်းကြည့်ရာ‌ ကျေးဇူးတင်စရာကောင်းလောက်စွာ ခုန်နေသေးပြီး နှာဖျား၀သို့စမ်းကြည့်ရာ ပုံမှန်ထက်နှေးနေသော်လည်း အသက်တော့ရှုနေသေးသည်မို့ မျက်ရည်များ ဝိုင်းနေသည့်ကြားမှ အသက်၀၀တစ်ချက်ရှုမိသည်။

ကျွန်တော့် ကြောင့်ပါ
ကျွန်တော်တောင်းပန်ပါတယ်....
ကျွန်တော်တို့နှစ်ယောက်လုံး ဒီကအတူထွက်သွားမယ်လို့ ကတိပေးတယ် ခဏလေးပဲဖြစ်ဖြစ်တောင့်ခံထားပေးပါ။

ပထမဆုံးဘာလုပ်ရမည်ကိုသိဖို့ အပြင်ဘက်ကအခြေအနေများကို  လိုက်ကာစများလွင့်နေရာ တံခါးပေါက်ဆီမှ ဝေ့ဝိုက်ကြည့်မိသည်။

လူက ကားတစ်စီးစာသာရှိပေမယ့် တစ်ယောက်တည်းအားကိုမှ အခုအခြေနေနှင့်ထိပ်တိုက်တွေ့လို့ရသည့်အခြေနေမဟုတ်။
ထိခိုက်ထားသူရှိလို့ ဆေးရုံပို့ပေးပါဆိုလျှင်လည်း လူစိတ်ရှိသည့်လူများမဟုတ်တာကြောင့်နှစ်ယောက်လုံး အစဖျောက်ပင်ခံရနိုင်သေးသည်။Jaeyunကို ဆက်သွယ်ရန်မှာလည်းဖုန်းများမရှိသည့်အပြင် သူ့ကိုပါအန္တရာယ်ကြားဆွဲသွင်းမိရာကျမည်မို့ လုံး၀မဖြစ်နိုင်။
သက်သောင့်သက်သာနှင့် အကိုHeeseungကိုပါအ‌တူ‌ခေါ်ကာရှောင်ထွက်နိုင်မည့်နည်းကိုသာစဉ်းစားရမည်။
ယခုအချိန်တွင် ထိခိုက်ထားသူကိုသာ မြန်မြန်မြန်ကယ်ချင်သည့်စိတ်က စိုးမိုးနေသည့်အတွက်ကြောင့်

"ကင်မရာ..."

တီးတိုးရည်ရွတ်ရင်း လှန်လှောရှာမိတော့ အကိုHeeseungပြောသည့်အတိုင်း လျှို့ဝှက်ကင်မရာငယ်လေးကိုတွေ့ရသည်။ အိပ်ယာ‌ ပေါ်တွင်လဲနေသော အကိုHeeseungကို လွတ်နေသည့်အဖြူတစ်ဖက်ခြမ်းနှင့် ခဏကွယ်ထားလိုက်ပြီး ရေချိုးခန်းထဲသို့ ၀င်ကာရေးပန်းကိုလည်းဖွင့်ထားလိုက်သည်။
ဆံပင်နှင့်အ၀တ်အစားများကို အနည်းငယ် ဖရိုဖရဲ ဖြစ်နေဟန်ပြုလိုက်ကာ ဖြူလွှနေသည့်မိမိလက်ကို ဖန်ကွဲစ၏ ဆူးချွန်ပုံသဏ္ဍာန်ရှိရာ အစိတ်ပိုင်းလေးဖြင့် အပ်ဖြင့်ထိုးခံထားရသည့်နှယ်ထိုးဖောက်လိုက်သည်။ထို့နောက်မိခင်ဘာသာစကားမဟုတ်သော်လည်း အနည်းငယ်တော့တတ်ကျွမ်းထားသည်မို့ စကားစရန်ပြင်လိုက်သည်။

Magical Peinture Where stories live. Discover now