Magical Peinture 14

352 58 6
                                    

ကော်ဖီဆိုင်မှပြန်လာပြီး ပူလောင်သွားသည့်စိတ်တို့ကိုသက်သာစေရန်အလို့ငှာ ရေချိုးရန်ပြင်လိုက်သည်။Jake ရေချိုးခန်းမှန်ထဲမှ မိမိပုံရိပ်ကို ကြည့်ရင်း တစ်ကိုယ်တည်းကြားရုံမှ တီးတိုးရေရွတ်လိုက်သည်။

"ဆံပင်တွေကို လှန်တင်ထားတတ်တဲ့ အအကျင့်တစ်ခုတောင်ကိုတောင် ဖေဖေ့လောင်းရိပ်အောက်ကမဖျောက်နိုင်သေးဘူးပဲ......"

ရေစိုနေသောလက်များဖြင့် စီစီရီရီရှိနေသည့်ဆံပင်များကိုပုံစံပျက်ပြားစေလိုက်ပြီး

"လွတ်မြောက်ပြီထင်ခဲ့တာ.....
ပိတ်မိနေတဲ့ဘ၀ထဲကနေ မလွတ်မြောက်နိုင်တဲ့အပြင် မင်းကိုပါဆွဲသွင်းနေမိတာပဲ
Sunghoon...."

"ငါဘယ်တုန်းကမှ မပြောင်းလဲနိုင်ခဲ့ဘူး"
                           -

အားကစားခန်းမနားတွင် ရှိသောခုံတန်းလေးတွင် Jakeနှင့်Sunghoonတို့ထိုင်နေခဲ့ကြသည်။နေရောင်ခြည်နွေးနွေးက နီကျင့်ကျင့်သစ်ရွက်လေးများကြားမှ ခုံးတန်းငယ်ပေါ်သို့တစ်ပျောက်စနှစ်ပျောက်စကျရောက်လို့နေသည်။ယနေ့မှထူးထူးခြားခြားJakeက ကော်ဖီလည်းမသောက်ချင်ဟုဆိုကာ ကျောင်းဆီသို့တန်းလာခဲ့ပြီး အတန်းပါလစ်၍ Sunghoonရှိရာ အားကစားခန်းမဆီသို့လိုက်လာခဲ့ခြင်းဖြစ်သည်။

"Jake..မင်းမျက်လုံးတွေ ရောင်နေတာပဲ
စိတ်ညစ်စရာတစ်ခုခု ရှိနေတာလား"

ခုံပေါ်သို့လွင့်ကျသာသော အနီရောင်သစ်ရွက်လေးကို လက်ထဲတွင်ကိုင်ထားကာ သစ်ရွက်လေးနှင့်အပြိုင် အနီရောင်သန်းနေသော မျက်၀န်းငယ်တို့ကSunghoonမျက်၀န်းများနှထံသို့အကြည့်ဆုံလာသည်။

ဘာကြောင့်များ လင်းလက်နေတတ်သည့်အညိုရောင်မျက်၀န်း‌ လေးများကနေ ယခုကဲ့သို့ဖြစ်လာသည်အထိငိုကြွေးလာရပါသနည်း။ညှိုးငယ်နေသည့်မျက်နှာလေးကိုပါ‌ သေချာမြင်လိုက်ရ‌သည့်အခါတွင်‌တော့ Sunghoonအတွက် ရင်ဘတ်အစုံ
ကို လေးလံသည့်အရာတစ်ခုဖြင့် ဖိထားခံလိုက်ရသကဲ့သို့ တင်းကျပ်မှုတို့က စိုးမိုးလာခဲ့သည်။ယခုအချိန်တွင် ထိုသူအား ရင်ခွင်ထဲသို့လုံခြုံနေအောင်ထည့်ကာထွေးပွေ့ပေးချင်သည့်စိတ်တစ်ခုသာရှိနေခဲ့ပေသည်။ထိုစိတ်ဆန္ဒအတိုင်းလည်း တဒင်္ဂဆိုသည့်အချိန်အတွင်းလက်တွေ့ပြုမူလိုက်မိသည်ပင်။

Magical Peinture Where stories live. Discover now