Magical Peinture 8

417 62 12
                                    

ညအိပ်ယာ၀င်ခါနီးအချိန်ထိ နေ့လည်က ကြုံတွေ့ခဲ့သည်များကိုJakeပြန်လည်တွေးတောမိနေသည်။ထိုအ‌တွေးစများထဲတွင် တစ်စုံတစ်ယောက်ကတော့မပါမဖြစ်။ထိုမဟူရာမျက်၀န်းနက်တို့ကိုအစိုးရ‌သောလူသားအား တွေးမိလိုက်တိုင်း စိတ်နှလုံးအေးချမ်းလှသည်။ထို့အတူကိုယ်မရခဲ့ဖူးသည့်‌ နွေးထွေးမှုတို့လည်း သူ့ကြောင့်ခံစားဖူးရသည်။တခြားသူများက သူ့အားမည်သို့ပင် သွေးရောမျက်ရည်ရောမရှိ‌သည့်အေးစက်သောလူသားဟုသမုတ်ကြပါစေ မိမိအတွက်တော့သူရယ်တိုင်းပေါ်လာတတ်သည့် ပါးချိုင့်လေးနှင့် နှလုံးသားကိုနစ်၀င်စေနိုင်သည့် သွားစွယ်လေးများမှာ တစ်စတစ်စ တွယ်တာစရာဖြစ်လာခဲ့သည်။ကိုယ်လို သာမာန်ယောကျာ်းတစ်ယောက်ဖြစ်ပါလျှက်နှင့်ပင် ထိုမျက်၀န်းနက်နက်တို့နှင့်လူသားက မိမိအာရုံတို့ကိုဘာ‌ကြောင့်ဒီလောက်များစိုးမိုးထားရပါသနည်း။အိပ်ယာပေါ်တွင် ဘေးတစ်စောင်းလှဲနေတဲ့ကိုယ်လေးကို စောင်ထူထူထဲမှာလုံးနေအောင်ကွေးလိုက်ကာ လက်တစ်ဖက်ကကိုင်ထားသည့် ဖုန်းလေးကိုမျက်နှာချင်းဆိုင်တွင် ရှိစေလိုက်သည်။ထို့နောက် ဖုန်းစခရင်ပေါ်က ပန်းချီကားချပ်လေးကိုကြည့်ရင်း တစ်ကိုယ်တည်းကြားရုံမျှရေရွတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်
မင်းနောက်ကိုလိုက်ရင်း ငါ့ဘ၀ရဲ့ အေးချမ်းရာလေးကိုရှာတွေ့ပြီထင်တယ်...."

တစ်နေ့ ဒီပန်းချီကားရဲ့ရေးဆွဲသူအား တွေ့ဆုံခွင့်ရှိခဲ့လျှင် ‌သေချာပေါက်ကျေးဇူးတင်ကြောင်းပြောရ‌ပေအုံးမည်....

                                    _

Australia....

Jasperတစ်‌ယောက်အလုပ်တွင် နှစ်ညသုံးညညလုံးပေါက်ခဲ့တာကြောင့် ယနေ့မနက်မှသာ အိမ်ကိုပြန်လာဖြစ်သည်။မနက်ဖြန် တင်ပြရမည့်အလုပ်များကို ပြည့်စုံအောင် မနားတမ်းလုပ်ခဲ့ရတာမို့ ပင်ပန်း‌နေကာ မနက်စာမစားရသေးသော်လည်း ရေမိုးချိုးပြီးမှ တစ်ခါတည်းစားရန်အိမ်သို့ပြန်လာခဲ့ခြင်းဖြစ်သည်။

"Jasperသား  ဒီနေ့ အိမ်မှာ ညစာစားဖို့Tracyကိုခေါ်လိုက်ပါလား"

အိမ်တော်ထဲသို့ ၀င်လာလာချင်း ဧည့်ခန်းတွင်ထိုင်နေသောဖေဖေက လှမ်း၍ ပြောလိုက်ခြင်းဖြစ်သည်။

Magical Peinture Where stories live. Discover now