Magical Peinture 15

352 62 6
                                    

(A/N : ဒီတစ်ခါ updateအရမ်းကြာသွားတဲ့အတွက်တောင်းပန်ပါတယ်(TT)
ပုံဆွဲတဲ့ဘက်အတော်ကြာရောက်သွားလို့ပါ
ဖတ်ပေး မန့်ပေး စောင့်ပေး ကြသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်
꒰⑅ᵕ༚ᵕ꒱˖♡ )

"Jake..."

"Hmm"

"အခုတလောနေ့လည်ပိုင်းတွေ မင်းဘယ်သွားနေတာလဲ...
ငါလေ့ကျင့်ရေးမရှိလို့ အတန်းဆီလာတိုင်းမင်းကိုမတွေ့ဘူး "

မနက်ကျောင်းအတူသွား ညနေအချိန်ပိုင်းအတူလုပ်ကြ‌သော်လည်း နေ့လည်ပိုင်းအချိန်များတွင်ပျောက်နေတတ်သူကြောင့်Sunghoonစိတ်ပူရခြင်းပင်ဖြစ်သည်။

"အာ....ဒီအတိုင်းပဲ"
"Sunghoon....မင်း မနက်ဖြန်နေ့လည်အားလား"
"ငါနဲ့ တစ်နေရာသွားရအောင်"

                            -

"Jake ...ဘယ်ကိုသွားနေတာလဲ"

ကျဉ်းမြောင်းပြီး ကုန်းတက်ပုံသဏ္ဍာန်ဖြစ်နေသောလမ်းသွယ်ထဲသို့ နှစ်ယောက်သား၀င်လာခဲ့ကြသည်။ဆိုလ်းမြို့ထဲရှိဆင်‌ခြေဖုန်းရပ်ကွက်သို့ ဘာအ‌ကြောင်းကြောင့် မိမိအား‌ခေါ်လာသည်ကိုSunghoonမသိရ‌။အတန်ကြာလမ်းလျှောက်ပြီးသည့်နောက်သားနားနေ‌သည်မဟုတ်သော်ညား သေသေသပ်သပ်ရှိသည့်အိမ်တစ်လုံးရှေ့တွင် ခြေလှမ်းများရပ်တန့်လိုက်ကြသည်။အချက်ပေးခေါင်းလောင်းအား ထိနှိပ်လိုက်ရင်း အိမ်ထဲသို့၀င်ခဲ့လိုက်ကြရာ.....

"မင်းက....."

မျက်စိရှေ့တွင် ရှိနေသော လူကိုတစ်လှည့် Jakeကိုတစ်လှည့်ကြည့်ရင်း မျက်ရည်များပါ ဝေ့တက်လာရသူမှာ Sunghoon

"အရင်အတိုင်း မင်းက ထက်မြက်တဲ့ပုံပေါ်နေတုန်းပဲ"

ဝှီးချဲပေါ်တွင်ထိုင်‌လျှက်ရှိ‌နေသောကောင်လေးက မော့ကြည့်ရင်းပြောလာသည်။

"တောင်းပန်ပါတယ် Sunghoon..."

Sunghoonက ထိုကောင်လေး၏ စကားကို အာရုံမထားပဲ Jakeကိုသာ လှည့်ကြည့်ရင်းမေးလိုက်သည်။

"Jake...ဒါ ဘယ်လိုဖြစ်တာလဲ"

                            -
2weeks ago.....

Sunghoonသူကြုံတွေ့ခဲ့ရသည်များကိုမိမိအား‌ ပြောပြစဥ်က အတော်စိတ်ပိုင်းဖြတ်ထားရပုံပေါ်ကာ မျက်၀န်းထဲတွင် ၀မ်းနည်းမှုကြောက်ရွံ့မှုများ ရှိနေသည်ကိုJakeရိပ်မိခဲ့ပါသည်။ထို့‌ကြောင့် Sunghoonတက်ဖူးသည့် ကျောင်းမှ ကျောင်းသားဟောင်းစာရင်းများကိုစုံစမ်းရင်း
ဟာဂျင်နူ၏ နေရပ်လိုက်စာကို သိရှိခဲ့ရသည်။သို့‌သော်လည်း အိမ်ပြောင်းသွားသည်ဟုသိရ‌တာကြောင့် ဆိုးလ်အထိ ဆက်လက်စုံစမ်းရင်း တစ်ပတ်ကျော်အကြာတွင် ယခုနေထိုင်ရာ အိမ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

Magical Peinture Where stories live. Discover now