Chapter (1)

3.6K 80 2
                                    


ချစ်တယ်ဟုဆိုရာ၌
Season_2

@ Chapter 1

ရန်ကုန်မြို့ ကြီးရဲ့ သင်္ဘောဆိပ် တစ်နေရာ ညသန်ခေါင်ယံ 12 ခွဲအချိန် တွင် အမဲရောင် ကား(3)စီး လာရောက်ထိုးရပ်လေသည် ကားရပ်သွားသည်နှင့် ကား ထဲ မှ ကိုယ်ရံတော် ကဲ့သို့ သော သူများ ထွက် လာကာ အလယ် မှ ကား ရှေ့ နောက် တွင် ရပ်နေကြလေသည်............
15မိနစ် လောက် အကြာတွင် နောက်ထပ် ကားတစ်စီး ရောက်လာချိန်တွင်
"သူဋ္ဌေး သူတို့ရောက်ပါပြီ "
ကား ထဲ မှ သန့်သန့်ပြန့်ပြန့် နဲ့ သူဋ္ဌေးဦးလူခ ဆင်းလာကာ ထိုသူအား
" ငါပြောထားတဲ့အတိုင်း လုပ်ကြနော်မလွှဲစေနဲ့....... "
"ဟုတ်ကဲ့ပါသူဋ္ဌေး သေချာစီစဥ် ထားပါတယ် ......."
"ဟုတ်ပြီ သေချာပါစေ ငါအချက်ပြတာနဲ့ စလိုက် "
"ဟုတ်ကဲ့ သူဋ္ဌေး "
ပြောပြီးသည်နှင့် တစ်ဖက် လူများထံ သွား လိုက်ကြသည်......
တစ်ဖက် မှ သူဋ္ဌေး လဲ ကိုယ်ရံတော်များ နဲ့ တန်းစီ ကာ လျှောက်လာကြ ကာ
" ကဲ ဘယ်လိုလဲ စုံရဲ့လား မှာထားတာတေ"
" စုံပါတယ် ဗျား
ကျနော်တို့က ရော ပတ္တမြား ၊ရော့ နဂါး ဘဲ "
ဟုဆိုကာ သူ့ တပည့် တစ်ယောက် အား
လှည့် ကြည့် လျက် ခေါင်းညိမ့် ပြလိုက် ချိန်
ထိုသူက သေတ္တာသေးသေး ကိုင် လာကာ
အလယ် တွင် ဖွင့် ထားလေသည်
ဦးလူခ မှ သူ့ တပည့် တစ်ယောက် ကို ခေါင်းငြိမ့်ပြ လိုက် ချိန် တွင် တော့
တပည့် များ က သေနတ် များ ထုတ် ကာ တစ်ဖက် လူများ အား ပစ် သတ်လိုက်ကြလေသည်
ထိုအခါ အငိုက်မိတာသိသွားတဲ့ တစ်ဖက် သူဋ္ဌေး အား
" ဦးလူမုန်း ခင်များ ယုတ်မာလှ ခြည်လား "
" ဒီ ခေတ် မှာ တော် တဲ့သူတွေ ကောင်းစားတဲ့ခေတ်လေဗျား
ခင်များ တို့ညံ့တာ ခင်များတို့ ခံပေါ့ဗျ "
"ဦးလူမုန်း ခင်များးးးးးးးး အာ့"
ထိုသူမှာ စကား ဆုံးအောင် ပင် မပြေယလိုက်ရဘဲ လဲကျ ကာ ငြိမ်သက် သွားလေတော့သည်..........
.....
....
ရန်ကုန်မြို့ ကြီး ထဲက တိတ်ဆိတ် ငြိမ်သက် နေတဲ့ရပ်ကွက် တစ်ခု ရဲ့ အိမ်တစ်အိမ်တွင်တော့
"ရေးရေး သမီးရေ ထတော့ လေ
ဒီနေ့ ကျောင်းသွားအပ်ရမယ်လေ "
သမီးလေး က သက်ထား မဟုတ်ရင် လူကြီး က လာနိုး မှ ကြိုက်တာ တခြားသူလာနိုး ရင် မကြိုက် တာ အဆိုးဆုံး သူ့ အဖိုးအဖွား က လာနိုးတာတောင် ကြိုက်တာမဟုတ် ဒါကြောင့် သမီးလေး ကို သက်ထား မဟုတ်ရင် လူကြီး နဲ့ နှစ်ယောက် သား အလှည့်ကြ နိုးနေကြလေ ခုလဲ သက်ထားက လာနိုးနေတာကို ပင်ဂရုမစိုက် သက်ထား က သမီးလေး နဖူးလေး ကို နမ်းလိုက် ကာ
" ရေးရေး မေမေ့ သဲလေးရေ ထတော့နော်
မေမေ နဲ့ မာမီ က ကျောင်းလိုက် အပ် ပေးမယ် "
ထိုအခါမှ သာ
" ယေးးးးးးးးးးးး
ဒါမှ ရေးရေး မေမေ ကွ အရမ်းချစ််တယ် မေမေ့ ကို
အာဘွား "
ဟုထခုန်လျက် သက်ထား ပါး ကို နမ်း ကာ ရေချိုးခန်း ဝင်သွား တဲ့ သမီးလေး ရေးရေး ကိုကြည့် ကာ ပြုံးလိုက်မိတယ်
ဘာလိုလိုနဲ့ သမီးလေး တောင် ဆယ်တန်းအောင်ပြီး သက္ကသိုလ် တောင်ရောက်ပြီဘဲ
.....ထွားလာလိုက်အရပ်ရှည်တာက လူကြီး အတိုင်းဘဲ ခြေတံလေးတေ ကအစ သက်ထားနဲ့လူကြီး တို့နှစ်ယောက် ဆီ က ချောတာလှတာချစ်စရာကောင်းတာတွေကို  စုပုံ ပြီး ယူထားသလား ထင်ရတယ်
တွေးရင်းနဲ့ သမီးရဲ့ အိပ်ယာ ကို ခေါက်သိမ်းကာ သမီးဝတ်မဲ့အဝတ်တွေ ကို ထုတ် နေမိတယ်................
ပြင်ဆင်ပြီး သားမိ နှစ်ယောက် ဆင်းလာတော့ ထမင်းစားခန်းမှာ သမီးရဲ့အဖိုးနဲ့အဖွား ရယ်...... လူကြီးရယ်က စောင့် ကြို နေလေရဲ့
"လာလာ ဒီ မှာ သမီးလေးနဲ့ ကလေး ကြိုက်တဲ့ မုန့်ဟင်းခါး ပြင်ထားပေးတယ် မာမီ က "
"ဝါးးးးးးးး ကြိုက်ပြီလေ ဟိဟိ 
အာ့ကြောင့် မာမီ့ ကို ချစ်တာ မွ"
သမီးလေးက လူရီး ရဲ့ ပါး ကိုနမ်းကာ ပြောတော့
" သူ့အမေ အတိုင်းဘဲ ညည်းသမီး က တော့
ကောက်တာကော ရစ်တာကော
အကြိုက် ကော အကုန် ကို တူနေတာ "
ဟု ဂုဏ့်မေမေ က ဝင်ပြောလေ သည်
" ဟီး..... ဖွားက လဲ
သမီး က မေမေ့ သမီး ပါဆို တူမှာပေါ့
နော့ မေမေ "
"ဟုတ်ပါ့ မေမေ့ သမီး ဘဲ ကို မေမေ နဲ့တူတာပေါ့ "
" အင်းလိုက်ပါတယ် သားအမိနှစ်ယောက် "
ဟုဆိုကာ လူကြီး က မျက်စောင်းထိုးရင်း ပြောတော့
မနက်ခင်း ထမင်းစာပွဲ တွင်တော့ ရီမောသံ တွေ နဲ့ သာယာဖွယ် အတိ........
         သို့သော်   မုန်တိုင်းမရောက်ခင်  ရာသီဥတုက သာယာ နေခြင်း ဖြစ်တယ်ဆိုတာ မသိခဲ့ရိုး အမှန် ပါ
.........

ချစ်တယ်ဟုဆိုရာ၌ { Season (2) }Tempat cerita menjadi hidup. Temukan sekarang