အပိုင္း-(၁) (Unicode)

3.8K 202 2
                                    

အစ်မရှိရာ အရပ်တိုင်း အလွမ်းဆိုတ့ဲ စကားလုံးမြင်မိရင်
အစ်မတစ်ယောက်ကိုပဲ လွမ်းနေမိတ့ဲ လူတစ်ယောက်ရှိတယ်ဆိုတာ
သတိရပေးပါ။

********

'ညီမလေးတို့ မောင်လေးတို့ကားလာပြီနော်' လို့ ဒီခရီးစဉ်ကို စီစဉ်သော အစ်မရ့ဲအသံကြောင့် လင်္ကာက အကျႌတွေထည့်ထားသော အိတ်လေးကိုကောက်လွယ်လိုက်ပြီး ရပ်ထားသော ကားပေါ်သို့ တန်းစီကာတက်နေကြသည့် လင်္ကာမသိသေးသောလူတွေနောက်တွင် ကားပေါ်သို့တက်ရန် တန်းစီလိုက်သည်။ လကာၤက INGOတစ်ခုမှာ အလုပ်လုပ်တာပါ။ လင်္ကာတို့ organisationရ့ဲ partner organization က trainingတစ်ခု တက်ဖို့ ဖိတ်ခံရတာကြောင့် လင်္ကာတို့ရုံးက ဒီသင်တန်းအား လင်္ကာ့ကိုjoinခိုင်းလိုက်ခြင်းပါ။

လကာၤကလည်း ဒီtraining အကြောင်းကြားကတည်းက တက်ချင်နေခ့ဲပြီး လင်္ကာဘာ့ကြောင့် ဒီtraining ကိုတက်ချင်ရသလဲဆိုတော့ ဒီ trainingက ရိုးရိုးသင်တန်းတွေလို ရန်ကုန်မြို့ထဲမှာ အချိန်ပိုင်းတက်ရတာမဟုတ်။ ပဲခူးရိုးမနားက Eco Friendly Resort တစ်ခုမှာ campသဘောမျိုးလေး တစ်နေကုန်တက်ရသော (၃)ရက်တာ သင်တန်းဖြစ်နေတာမို့လို့ပင်။ သဘာဝပတ်ဝန်းကျင်ကိုလည်း ခံစားရမယ်။ ရုံးကနေလည်း ခွင့်ယူစရာမလိုဘဲ ခရီးထွက်ဖြစ်မယ်။ လင်္ကာမသိသေးတာတွေကိုလည်း သင်ယူခွင့်ရမယ် ဆိုသည့်အတွက် လင်္ကာဒီ training ကို အရမ်းကိုစိတ်ဝင်စားခ့ဲခြင်းဖြစ်ပါတယ်။

ရန်ကုန်မြို့ပြင်ကို ရောက်လာလေလေ...လေထုကပိုပြီး လတ်ဆတ်လာလေလေပါ။.လင်္ကာက ကားပေါ်တွင် သင်တန်းတူတူတက်ရန် ပါလာသော လင်္ကာတို့လို့ အသက်အရွယ် မတိမ်းမယိမ်းလူငယ်များအား တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်အပြီးမှာတော့ နားကြပ်လေးတပ်သီချင်းလေးနားထောင်ရင်းသာ ခရီးစဉ်ကိုအစပြုလိုက်သည်။

ပြောရရင် လင်္ကာ့typeက တစ်ယောက်တည်း အေးဆေးနေရတာကို သဘောကျသည့် typeမျိုး...။

လင်္ကာတို့ ရန်ကုန်ကထွက်လာတော့ ညနေ(၃)နာရီခွဲ ကျော်ကျော်လောက်ပါ...။ ရန်ကုန်ရ့ဲ ကားလမ်းအနေအထားက သိတ့ဲအတိုင်း ကျပ်ညှပ်နေတော့ လင်္ကာတို့ ပဲခူးအဝင်ကို ရောက်တ့ဲအချိန်က (၇)နာရီထိုးနေပြီ။လင်္ကာထင်တာက resortဆိုတာ ပဲခူးကားလမ်းဘေးက ဒါမှမဟုတ် အထဲဝင်ရလည်း ၅မိနစ် ၁၀မိနစ်ပေါ့...ဒါပေမ့ဲ တကယ့်တကယ် ဒီprojectကို စီစဉ်တ့ဲအစ်မက ရောက်တော့မယ်နော်လို့ ပြောတ့ဲအချိန်ကနေ လကာၤတို့ရ့ဲကားလေး ကားလမ်းမကြီးဘေး တောလမ်းကျဉ်းကျဉ်းလေးရ့ဲ အထဲကို မောင်းဝင်လာတ့ဲအချိန်န့ဲဆို နာရီဝက်လောက်ရှိနေပြီ။ Resortဆိုတာကို မရောက်သေး။ လင်္ကာ့ဘေး ကားပြတင်းပေါက်မှန်ထဲကနေ မြင်ရသော ပတ်၀န်းကျင်က သစ်ပင်ချုံနွယ်များဖြင့် မှောင်မဲနေကာ လင်္ကာတို့ စီးလာသော ကားတစ်စီးစာသာ ၀င်လို့ရသည့် လမ်းကျဉ်းကျဉ်းလေးရယ်ပါ။

အနောက်တောင်အရပ်က လွမ်းတဲ့အလွမ်းWhere stories live. Discover now