ဇာတ်သိမ်း

1.9K 155 4
                                    


ဘ၀မကူးတဲ့ ၀ဋ်ကြွေးတွေဆိုတာ သိပ်ကိုချိုမြိန်လွန်းပြီး…
ကြည့်နေရတဲ့ သူအဖို့ကလည်း ၀ဋ်ကြွေးဆပ်ရတဲ့ လူနဲ့ တန်းတူကို နာကျင်ရပါတယ်…။

*********

အနည်းငယ်သာဟထားသော တံခါးလေးကို တွင်းဖွင့်လိုက်တော့ ကုတင်ပေါ်တွင် တုတ်တုတ်လှုပ်မျှ မလှုပ်သော ခန္ဓာကိုယ်လေးကို ဦးစွာမြင်ရသည်။မျက်နှာလေးသာ တစ်ဘက်လှည့်နေသော ကာက ရှင်းအခန်းထဲ ၀င်လာတာကို သိပုံမရဘူးထင်ပါတယ်…အဲ့တာကို ရှင်းက ကုတင်နားထိတိုးသွားလိုက်ရင်း…

"ကာ"

တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ရှင်းအသံဟာ လုံလောက်သောအနေအထားဖြင့် ပဲ့တင်သည်။ ရှင်း ခေါ်သံအဆုံးမှာ ဖြေးဖြေးချင်း ရှင်းဘက်လှည့်လာတဲ့ ကာ့မျက်နှာလေးက ညှိုးနွမ်းလို့နေရာမှ ရှင်းကိုတွေ့လိုက်ရလို့ ယဲ့ယဲ့လေးပြုံးပြသည်။

"အစ်မ…ကျွန်မဆီပြန်လာတယ်"

တိုးညှင်းညှင်းလေးသာ အသံထွက်နိုင်သော ကာ့ စကားကြောင့် ရှင်းရင်ထဲ စူးချွန်တွေနဲ့ ထိုးစွသလို နာနာကျင်ကျင်ခံစားရပြီး ထိုနာကျင်မှုတွေကိုတော့  ကာမမြင်အောင်ဖုံးကွယ်ထားလိုက်၍ ကာ ပြောသောစကားကိုလည်း လျစ်လျူရှုလိုက်ကာ…

"သက်သာရဲ့လားဟင် ကာ…ဘာလို့အခုလို…"

"အစ်မ ကျွန်မဆီကို ပြန်လာတာမဟုတ်လားဟင်"

ရှင်းစကားတောင် မဆုံးသေး ရှင်းမသိကျိုးကျွန်ပြုထားတဲ့ ကိစ္စကိုပဲ ထပ်ကာမေးနေတော့ ရှင်းက ဘာပြောရမှန်းမသိတော့…ကိုယ့်စိတ်ကို ကိုယ်ဘယ်လိုထားပြီး သူ့ကိုလာတွေ့ရတာသူမှ မသိတာ…။

"အင်း ပြန်လာတာရယ်လို့တော့ မဟုတ်ပါဘူး…မမြင့်မြတ်နဲ့ ဆေးရုံအောက်မှာတွေ့လို့လေ"

ရှင်းစကားမဆုံးသေး ရှင်းဘက်ကို မျက်နှာလှည့်နေတဲ့ ကာ့မျက်နှာလေးက တစ်ခြားတစ်ဖက်ကို ဖြေးဖြေးလေး ပြန်လှည့်သွားသည်။ အဲ့တာကို ရှင်းက ကုတင်ဘေးက ခုံလေးပေါ်မှာထိုင်လိုက်ပြီး ကာ့ လက်လေးကိုကိုင်လိုက်ကာ…

"ကာရယ်…နောက်တစ်ခါဆို အခုလိုမလုပ်ပါနဲ့နော်…ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတာ ဗုဒ္ဓဘာသာအယူနဲ့ဆို အဖန်ငါးရာငါးကမ္ဘာခံရတတ်တယ်…အကယ်၍ နောင်ဘ၀တွေများမှာ ကိုယ်ပျော်ရွှင်တဲ့ဘ၀ကို ရနေရင်တောင် ကိုယ်အဆုံးမသတ်ချင်ဘဲ အခုလိုအသက်အရွယ်မျိုးမှာပဲ ကိုယ့်ဘ၀ကို ကိုယ်အဆုံးသတ်ရတတ်တယ်…ပြီးတော့ ဒီဆေးရုံကနေ ဘယ်မှမပြောင်းနဲ့တော့နော် ကာ…ကာ့အတွက် အစ်မ အကုန်တာဝန်ယူပါ့မယ်…အဲ့တာကြောင့်…"

အနောက်တောင်အရပ်က လွမ်းတဲ့အလွမ်းTahanan ng mga kuwento. Tumuklas ngayon