အပိုင်း (၄)

1K 125 0
                                    


ဖက်တွယ်ရတဲ့ လက်ဟာ သိပ်ကိုနာကျင်ရတယ်ဆို...
ခံစားချက်မဲ့နှလုံးသားကို ပွေ့ဖက်ရတာဟာ ဆတိုးကိန်းနဲ့ရင်းပြီးကို နာကျင်ရပါတယ်...။

*****

အစ်မ လှမ်းပေးတဲ့ တစ်ရှူးဗူးကို လင်္ကာက လက်နှစ်ဖက်ဖြင့် တရိုတသေယူလိုက်ပြီး ဗူးထဲက တစ်ရှူးအချို့ကို ထုတ်ကာ မိုးရေစိုနေသော မျက်နှာကို ဖွဖွသုတ်လိုက်သည်။ အစ်မကတော့ ကားကိုစက်နှိုးရင်း လင်္ကာ့ကိုမကြည့်ဘဲနှင့်...

"တစ်ရှူးကုန်သွားတာ ကိစ္စမရှိဘူး...စိုနေတဲ့ ခေါင်းကိုပါ ခြောက်အောင်သုတ်"

အမိန့်ပေးသံလို ခပ်ဆတ်ဆတ်ထွက်လာသော အစ်မ အသံအဆုံးမှာ လင်္ကာက ဟုတ်ဟုတစ်ခွန်းသာပြန်ပြောပြီး တစ်ရူးတော်တော်များများအား ယူထုတ်လိုက်ကာ ကျောလယ်နားရှိသည့် စိုနေသော ဆံစတို့အား ခြောက်အောင်သုတ်လိုက်သည်။

"အိမ်က ဘယ်မှာလဲ"

အစ်မရဲ့ နောက်ထပ်ထပ်ထွက်လာသော အသံကြောင့် ကားမောင်းနေတဲ့ အစ်မဘက်ကို လင်္ကာက မျက်နှာလှည့်လိုက်ရင်း...

"ဟို ရပါတယ် အစ်မရယ်...ကျွန်မကို နီးစပ်ရာကားဂိတ်မှာပဲ ချပေးပါ...ကျွန်မ..."

"မင်း စကားအရမ်းများတာပဲ ကာ...ခုနကပဲ မင်းပြောထားတယ်လေ တို့ရဲ့ကြိုးဆွဲရုပ်ဖြစ်ပေးပါ့မယ်ဆို...အဲ့တော့ မင်းရဲ့ အိမ်လိပ်စာကိုပြော"

"အဲ့တာဆို...အစ်မက...မဟုတ်ဘူး...အစ်မနဲ့ကျွန်မနဲ့က ဟို...ချစ်သူတွေ ဖြစ်သွားပြီပေါ့နော်"

လင်္ကာပြောနေတာကို အစ်မက ဂရုမစိုက်ဘဲ ကားကိုသာ အာရုံစိုက်နေတာကြောင့် လင်္ကာက အစ်မကို ခဏငေးကြည့်လိုက်ပြီးကာမှ...

"ကျွန်မ စမ်းချောင်းမှာနေတာပါ အစ်မ...ကျွန်မကို အာရှတော်ဝင်ရှေ့မှာ ရပ်ပေးရင်ရပါပြီ။ ကျွန်မ အဲ့နားက လမ်းထဲမှာ အဆောင်နေလို့လေ"

"အဆောင်နေတယ်ဆိုတော့ ကာ က နယ်ကနေလာတာလား"

"မဟုတ်ပါဘူး...ကျွန်မ ရန်ကုန်မှာပဲမွေးပြီး ရန်ကုန်မှာပဲ ကြီးတာပါ အစ်မ"

"အော်...အဲ့တာဆို အိမ်နဲ့အဆင်မပြေလို့ အဆောင်မှာနေတာလား...Sorry စပ်စုမိသွားပြီထင်တယ်"

အနောက်တောင်အရပ်က လွမ်းတဲ့အလွမ်းWhere stories live. Discover now