အပိုင္း-(၃) (Unicode)

1.6K 156 0
                                    

ကျွန်မအတွက် အစ်မဆိုတာ အမြဲတမ်းရှူသွင်းနေရတ့ဲ
Pure oxygen တစ်ခုလို အဖိုးတန်ခ့ဲပြီး...
အစ်မအတွက်တော့ ကျွန်မဆိုတာ အနာတရဖြစ်တိုင်း
ခဏတာကပ်ရတ့ဲ hansaplast အဆင့်မှာပဲ ရှိခ့ဲသူပေါ့…။

******

လှုပ်လို့လည်းမရ…လက်နားမှာကိုက်နေသော ခြင်ကိုလည်း ရိုက်၍မရတော့ လင်္ကာက ခေါင်းလေးကိုစောင်းပြီး အစ်မရဲ့ မျက်နှာဘေးနားလေးကနေ ကပ်ကာ လက်တွင်သွေး၀အောင်စုပ်နေသော ခြင်ကို လေဖြင့် မှုတ်ထုတ်သည်။ မမှုတ်လို့ကလည်း မရ…ဒီခြင်တစ်ကောင်ကိုက်နေတာ တော်တေ်ာကြာနေပြီကိုး…။ပြီးတော့ အစ်မဘေးနားမှာ ရှိပေးပါလို့ပြောပြီးထဲက ဒေါ်ရှင်းအမရာလင်းတစ်ယောက်က သူ့အနောက်တွင်ရှိနေသော  လင်္ကာ့လက်တွေကိုဆွဲထားကာ ရင်ခွင်ထဲမှေး၍ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေလေ၏။

ကုတင်ပေါ် ကန့်လန့်ထိုင်ပြီး အကြမ်းထည်အုတ်နံရံကို မှီထားရတ့ဲ လင်္ကာက ကျောတွေလည်း အေးလာသလို အစ်မကို အနောက်ကနေ သိုင်းဖက်ထားရတ့ဲ အချိန်ကြာလာတော့ လက်တွေလည်း ကျင်လာလေသည်။ ဒါပေမ့ဲ လင်္ကာ နည်းနည်းလေးမှ မလှုပ်မိခ့ဲ...။

လင်္ကာ့မျက်လုံးထဲ မြင်ယောင်နေတာက အစ်မရဲ့ မျက်ရည်တွေရယ်…နောက်တစ်ခုက အစ်မရဲ့ တခဏတာလေးပဲ ဆိုတ့ဲ အနမ်းရယ်…။ တွေးလိုက်တိုင်း မျက်ည်တွေကြောင့် ရင်ထဲမှာ နာကျင်ရသလိုလို…အနမ်းတွေကြောင့် လင်္ကာ့နှုတ်ခမ်းလေးတွေကခြောက်ကပ်ကာ ရှက်ရွံ့သွားသလိုလို…လူက ကတုန်ကယင်ကြီး ဖြစ်နေလေ၏။ အ့ဲတော့ လင်္ကာက ထိုအတွေးတွေကို တတ်နိုင်သလောက် မတွေးဘဲ နေလိုက်ပြီး အိပ်လည်းအိပ်ချင်လာတာကြောင့် အစ်မ မနိုးအောင် အစ်မဆွဲကိုင်ထားသည့် လက်တစ်ဖက်ကို အစ်မရဲ့ လက်ထဲက အသာလေးထုတ်ပြီး မလှမ်းမကမ်းတွင်ရှိနေသာ ခေါင်းအုံးလေးကို ဆွဲကာလင်္ကာ့ကျောနောက်သို့ ထည့်၍အနည်းငယ်မှီလိုက်ကာ အစ်မကိုလည်း လင်္ကာ့ရင်ခွင်ထဲ အနည်းငယ်လေးမှီနိုင်အောင် လင်္ကာ့ရင်ခွင်ထဲသို့ ဆွဲကာဖက်ထားလိုက်လေသည်။ အပြင်က ရာသီဥတုကလည်း အေးသထက်အေးလာတာကြောင့် အစ်မကိုလင်္ကာက အနွေးဓာတ်ပိုရအောင် ခပ်တင်းတင်းလေး ဖက်ထားလိုက်တော့သည်။

အနောက်တောင်အရပ်က လွမ်းတဲ့အလွမ်းWhere stories live. Discover now