အပိုင္း-(၄) (Unicode)

1.6K 158 0
                                    


ဖက်တွယ်ရတ့ဲ လက်ဟာ သိပ်ကိုနာကျင်ရတယ်ဆို...
ခံစားချက်မ့ဲနှလုံးသားကို ပွေ့ဖက်ရတာဟာ ဆတိုးကိန်းနဲ့ရင်းပြီးကို နာကျင်ရပါတယ်...။

*****

အစ္မ လှမ်းပေးတ့ဲ တစ်ရှူးဗူးကို လင်္ကာက လက်နှစ်ဖက်ဖြင့် တရိုတသေယူလိုက်ပြီး ဗူးထဲက တစ်ရှူးအချို့ကို ထုတ္ကာ မိုးရေစိုနေသော မျက်နှာကို ဖွဖွသုတ်လိုက်သည်။ အစ္မကေတာ့ ကားကိုစက်နှိုးရင်း လင်္ကာ့ကိုမကြည့်ပဲနှင့်...

"တစ်ရှူးကုန်သွားတာ ကိစ္စမရှိဖူး...စိုနေတ့ဲ ခေါင်းကိုပါ ခြောက်အောင်သုတ်"

အမိန့်ပေးသံလို ခပ်ဆတ်ဆတ်ထွက်လာသော အစ္မ အသံအဆုံးမွာ လင်္ကာက ဟုတ်ဟုတစ်ခွန်းသာပြန်ပြောပြီး တစ်ရူးတော်တော်များများအား ယူထုတ္လိုက္ကာ ကျောလယ်နားရှိသည့် စိုနေသော ဆံစတို့အား ခြောက်အောင်သုတ်လိုက်သည်။

"အိမ္က ဘယ်မှာလဲ"

အစ်မရဲ့ နောက်ထပ်ထပ်ထွက်လာသော အသံကြောင့် ကားမောင်းနေတ့ဲ အစ္မဘက္ကို လင်္ကာက မျက်နှာလှည့်လိုက်ရင်း...

"ဟို ရပါတယ် အစ်မရယ်...ကြ်န္မကို နီးစပ်ရာကားဂိတ်မှာပဲ ချပေးပါ...ကြ်န္မ..."

"မင်း စကားအရမ်းများတာပဲ ကာ...ခုနကပဲ မင်းပြောထားတယ်လေ တို့ရဲ့ကြိုးဆွဲရုပ်ဖြစ်ပေးပါ့မယ်ဆို...အ့ဲတော့ မင်းရဲ့ အိမ်လိပ်စာကိုပြော"

"အ့ဲတာဆို...အစ္မက...မဟုတ္ဖူး...အစ်မနဲ့ကျွန်မနဲ့က ဟို...ချစ်သူတွေ ဖြစ်သွားပြီပေါ့နော်"

လင်္ကာပြောနေတာကို အစ္မက ဂရုမစိုက်ပဲ ကားကိုသာ အာရုံစိုက်နေတာကြောင့် လင်္ကာက အစ္မကို ခနငေးကြည့်လိုက်ပြီးကာမှ...

"ကြ်န္မ စမ်းချောင်းမှာနေတာပါ အစ္မ...ကြ်န္မကို အာရှတော်၀င်ရှေ့မှာ ရပ်ပေးရင်ရပါပြီ။ ကြ်န္မ အ့ဲနားက လမ်းထဲမှာ အဆောင်နေလို့လေ"

"အဆောင်နေတယ်ဆိုတော့ ကာ က နယ္ကေနလာတာလား"

"မဟုတ်ပါဖူး...ကြ်န္မ ရန်ကုန်မှာပဲမွေးပြီး ရန်ကုန်မှာပဲ ကြီးတာပါ အစ္မ"

"အော်...အ့ဲတာဆို အိမ်နဲ့အဆင်မပြေလို့ အဆောင်မှာနေတာလား...Sorry စပ်စုမိသွားပြီထင်တယ်"

အနောက်တောင်အရပ်က လွမ်းတဲ့အလွမ်းWhere stories live. Discover now