အပိုင္း-(၆) (Unicode)

2K 157 2
                                    


အချစ်ဆိုတ့ဲ ခံစားမှုရဲ့ သတ်မှတ်ချက်တစ်ခုမှာ
ကျွန်မက တစ်စုံတစ်ယောက်ကို ပထမနေရာပေးထားရင်
ကျွန်မကိုလည်း ပထမနေရာ ပြန်ပေးတာကိုပဲ လိုချင်ခ့ဲတာပါ…။

********

"တို့တောင်းပန်ပါတယ် ကာ…ဒီရွေးချယ်မှုက မင်းအတွက် တရားမမျှတဘူးဆိုရင်လည်း တို့ကိုခွင့်မလွှတ်ဘဲ မုန်းပစ်လိုက်ပါ"

အစ်မရဲ့ စကားလုံးတိုင်းက လင်္ကာ့ရင်ကို အဆိပ်ပါတ့ဲဆူးတွေနဲ့ ပစ်သလိုတစ်ဆစ်ဆစ် နာကျင်ရတယ်ဆိုတာ အစ်မ မသိဘူးတ့ဲလား…။ ထိန်းထားလို့ မရဘဲ ကျလာတ့ဲ မျက်ရည်တွေကို လင်္ကာမသုတ်ဖြစ်ဘဲ ဟီးကနဲ အသံပြုကာ ငိုချလိုက်သည်။

"အီး…ဟီး…အစ်မ…ဟင့် ကျွန်မကို ကျွန်မကို အ့ဲလို…မပြောပါနဲ့…ကျွန်မ အစ်မမရှိတ့ဲ ဘ၀မှာမနေနိုင်လို့ပါ…ကျွန်မ အစ်မကို သိပ်ချစ်တာ…အစ်မကို လက်လွှတ်ဖို့ ဆိုတ့ဲအကြောင်းကို မပြောပါနဲ့လား"

လင်္ကာက ငိုသံတွေရောစွတ်ရင်း ပြောတော့ အစ်မက ထိုင်နေတ့ဲ ကုတင်အစွန်းလေးကနေပဲ လင်္ကာ့ကို ပြန်စောင်းကြည့်ကာ…

"အခုချိန် သူ့အနားမှာ တို့ရှိမှ ရမှာမို့လို့ပါ ကာ…သူနေမကောင်းဘူး…မကြာခင်ရက်ပိုင်းအတွင်းမှာ နှလုံးစက်တပ်ရမှာမို့လို့ operation၀င်ရတော့မယ်…ဒီနိုင်ငံမှာ တို့ကလွဲပြီး သူ့မှာတစ်ခြားတစ်ယောက်ဆိုတာ မရှိလို့ တို့ကိုနားလည်ပေးပါကာရယ်…ပြီးတော့ အစ်မတို့တွေ လမ်းခွဲလိုက်တယ်ဆိုပေမ့ဲ…ဒီတိုက်ခန်းကို အစ်မပြန်မတောင်းပါဘူး…တို့…"

"အစ်မ ကျွန်မကို ဘာလို့ အခုလိုဆက်ဆံရတာလဲ…ကျွန်မက အမရဲ့ လိုသုံးတစ်ယောက်မှန်း သိခ့ဲတယ်…ဒါပေမ့ဲ ကျွန်မ အစ်မကို သိပ်ချစ်ခ့ဲတာတွေကြောင့် ကျွန်မအရာရာကို မသိချင်ယောင်ဆောင်ခ့ဲတယ်…အခုကိစ္စကိုလည်း ကျွန်မ မသိသလိုနေပေးပါ့မယ် အစ်မရယ်…အစ်မ သူ့ဆီကိုသွားပါ…။အ့ဲယောကျာ်းကို ကြိုက်သလောက်ပြုစုစောင့်ရှောက်ပါ…။ ဒါပေမ့ဲ ကျွန်မကိုတော့ အစ်မအနားကနေ အေ၀းကိုတွန်းမလွှတ်ပါနဲ့…။ လမ်းခွဲမယ်ဆိုတ့ဲ စကားမျိုး မပြောဘဲ…ကျွန်မကို အစ်မနားမှာပဲ နေခွင့်ပေးပါ…။ ကျွန်မ အရာအားလုံးကို နားလည်ပေးပါ့မယ်…။ အ့ဲကိစ္စအတွက် နောက်နောင်ကျွန်မ ပြဿနာလည်း မရှာသလို…."

အနောက်တောင်အရပ်က လွမ်းတဲ့အလွမ်းWhere stories live. Discover now