Special Part

2.6K 154 8
                                    

အကယ်၍ ကျွန်မသာ time traveler တစ်ယောက်ဖြစ်ခဲ့မယ်ဆို...

အတိတ်ကို ပြန်သွားရတဲ့အချိန်တိုင်း အတိတ်က ကျွန်မကို

အစ်မကသာ ကျွန်မရဲ့ right personဖြစ်ကြောင်း..

အစ်မကိုသာ ရူးသွပ်မိဖို့ ဆိုတဲ့အကြောင်းတွေပြောမယ်...။

******

"ဘာလို့ ကျွန်မကို ရွေးခဲ့ရတာလဲဟင် အစ်မ"

ကာ က သူ့အခန်းကနေ ယူလာတဲ့ အငွေ့တစ်ထောင်းထောင်း ထနေသော ကော်ဖီခွက်လေးကို ဆိုဖာခုံရှေ့က စားပွဲပေါ်တင်လိုက်ကာ ကာကိုယ်တိုင်ကလည်း ဆိုဖာပေါ်ထိုင်ချလိုက်သည်။ ရှင်းကတော့ ကာ လုပ်သမျှပြောသမျှ အရာအသေးစိတ်လေးတွေကအစ လိုက်ကြည့်ပြီး ကျေနပ်နေမိ၏။ ရင်ထဲမှာလည်း ပြောမပြတတ်အောင် ကြည်နူးနေပြီး ကာ့မျက်နှာလေး ကာ့အပြုအမူလေးတွေအား ကြည့်နေရတာလေးကိုက သဘောကျနေပြန်သည်။

ရှင်းကဆိုဖာပေါ်ဝယ် နေရာအကျယ်ကြီးရှိနေတာတောင် ထိုင်နေသော ကာ့ဘေးနား ကပ်သပ်ထိုင်လိုက်ပြီး ကာဖျော်ပေးထားတဲ့ ကော်ဖီခွက်လေးကို ယူ၍ တစ်ငုံသောက်လိုက်ပြီးမှ...

"ကာ ကဘယ်လိုထင်လို့လဲ"

ကာက တည့်တည့်ထိုင်နေရာကနေ ရှင်းဘက်ကို လှည့်ထိုင်လိုက်ပြီး ရှင်း လက်လေးကို ကိုင်မလိုလုပ်ပြီးကာမှ ပြန်ရုတ်သိမ်းကာ...

"ကျွန်မ မထင်တတ်လို့ပေါ့ အစ်မရဲ့"

ကာက သိပ်ကို ချစ်ဖို့ကောင်းတာပဲ...သူ့ကို ချစ်ပါတယ်လို့ ၀န်ခံထားတဲ့ ဒီလိုအခြေအနေမှာတောင်မှ ရှင်းလက်ကို ကိုင်ဖို့ရာ မ၀ံ့မရဲ ဖြစ်နေတာတဲ့လေ...ရှင်းက ကာဖြစ်သွားတဲ့ ရုပ်လေးကိုကြည့်ပြီး ပြုံးလိုက်သည်။ ပြီးတော့မှ ကာ့လက်ချောင်းလေးတွေကို ရှင်းလက်လေးတွေဖြင့် ဆုပ်ကိုင်လျက်...

"ကာ့ကို ချစ်လို့လို့ တကယ်မထင်တာလား...ခုနက အနမ်းတွေကရော အတုအယောင်တွေလို့ထင်နေသေးလို့လား"

ရှင်း ပြောတော့လည်း ကာ့မှာ ရှင်းစိတ်ဆိုးမှာစိုးတာကြောင့် မျက်စိပျက်မျက်နှာပျက်ဖြစ်ကာဖြင့်...

အနောက်တောင်အရပ်က လွမ်းတဲ့အလွမ်းWhere stories live. Discover now