Part-4🌻

2K 199 22
                                    

Jijiနဲ့အိမ်တော်ထိန်းလည်း Janeအတွက်လိုတာတွေနဲ့မှာလိုက်တဲ့ အစားအသောက်တွေကိုဝယ်လာကာ အခန်းထဲရောက်တော့ ကုတင်ပေါ်တွင်Janeကိုမတွေ့တာကြောင့် ပြာယာခတ်သွားကာ

"အာဂျူးရှီး...Jane...ညီမလေးကဘယ်ရောက်သွားတာလဲ..."

"မမလေးရယ် စိတ်မပူပါနဲ့ Janeလေးအညောင်းညာပြေ လမ်းလျှောက်ထွက်တာနေမှာ အာဂျူးရှီး သွားရှာပေးမယ်နော်"

"အာ့ညီး...Jijiပါလိုက်ခဲ့မယ် ညီမလေးဆေးရုံမတက်ချင်လို့ ထွက်ပြေးသွားတော့ မဟုတ်လောက်ပါဘူးနော်"

"မဟုတ်လောက်ပါဘူး....မမလေးရယ် ဒီညီမလေးနှစ်ယောက်ရှိတာကို Janeလေးကအဲ့လိုလုပ်ပ့မလား"

အာဂျူးရှီးရဲ့ အဖြေစကားကြောင့် စိတ်သက်သာရာရောက်သွားပေမယ့် Jijiစိတ်ပူနေမိဆဲပါ။Janeကတော့ Operationကစကြ်န်မှာLisaနဲ့စကားပြောနေဆဲ

"မင်းရဲ့... Cardiasthenia က မွေးရာပါလား...."

"Omm...ငယ်ငယ်ကတည်းက Janeဆေးရုံမှာပဲကြီးပြင်းလာရတာ ကျောင်းလည်းမတက်ရဘူး လွတ်လပ်မှု့ဆိုတာကိုလည်းမသိရဘူး အိမ်မှာဆရာတွေခေါ်သင်ပေးတာလေ...."

Janeစကားကြောင့်Lisaစိတ်မကောင်းဖစ်သွားပေမယ့် ပြုံးနေတဲ့မျက်နှာလေးကြောင့်

"ကိုယ်က မင်းကိုတစ်ခြားCaseနဲ့ဆေးရုံတက်နေရတာထင်တာ တခြားCardiasthenia လူနာတွေကမင်းလိုမျိုးရွှင်လန်းမနေဘူး"

"အဲ့လိုထင်တာလား ...ရှင်လည်း...."

"Omm...."

"တခြားသူတွေအမြင်မှာပေါ့ Janeက ပျော်ရွှင်ပီးစိတ်ချမ်းသာနေတဲ့ မင်းသမီးလေးလို့ပဲထင်ကြမှာလေ Janeကတော့ ကိုယ့်ဘဝကြီးကိုယ်ကို စိတ်ပျက်မိပေမယ့် ကံတရားကဒီလိုပါလာတော့လည်း ပျော်အောင်နေနေရတာပေါ့ စိတ်ဆင်းရဲခံလို့မှ မရတာ...."

Janeရဲ့ ခပ်ပြုံးပြုံးလေးနဲ့ပြန်ဖြေလိုက်တဲ့စကားကြောင့်Liceလည်း ခေါင်းလေးကိုခပ်ဖွဖွလေးတစ်ချက်ပုတ်လိုက်ကာ

"Jane...ကိုယ်မင်းကို Janeလို့ပဲခေါ်မယ်နော် မင်းအဆင်ပြေရဲ့လား"

ပြုံးပီးမေးလိုက်တဲ့Lisaကြောင့် Janeလည်းခေါင်းငြိမ့်ပြကာ..

"Omm...Doctorကိုလည်း Janeက Liliလို့ခေါ်မယ်လေ"

🦋My Heart Is Only For You🦋Where stories live. Discover now