Part-14🌻

1.3K 170 10
                                    

Lisaကတော့ Janeမနိူးခင်ကတည်းကအစောကြီးထကာ အခန်းကိုပြန်ပြီးရေမိုးချိုးကာ မနက်စာပြင်ဆင်နေရင်းမနေ့ညကJaneပြောတာတေကိုပြန်ကြားယောင်ကာ...

"မဖြစ်သင့်ဘူးမလား ငါချစ်နေရင်တောင်ရှေ့ဆက်မတိုးသင့်ဘူး ...ဟူး ငါဘာဆက်လုပ်ရပါ့မလဲကွာ...."

Janeအတွက်နွားနိူ့ကြိုနေရင်းသက်ပြင်းရှိုက်ကာ ရေရွတ်မိလိုက်ပါတော့တယ်...Janeကတော့ အိပ်ရာထဲကနေမထားသေးပဲဇိမ်ယူနေသလို အိပ်ပျော်နေရင်းအိမ်မက်လိုလိုLisaအသံကိုကြားခဲ့ရတာကိုပြန်တွေးရင်း...

"Liliစကားသံကိုတော့ ငါကြားနေရပေမယ့် ဘာတေပြောသွားမှန်းငါမမှတ်မိလိုက်ဘူး သေချာတာတစ်ခုကတော့ Liliလဲ ငါ့ကိုသဘောကျနေပြီထင်တယ်...ငါ့ဖက်ကနေ ဒီထပ်ပိုပြီး Liliသဘောကျလာအောင်လုပ်ရမယ် Fighting Jane...နင်လုပ်နိူင်ပါတယ်..."

ကိုယ့်ဘာသာအားပေးရင်းJaneသဘောကျစွာအော်ရယ်မိပါတော့တယ်...Jijiကတော့မနက်စာစားပြီးတာနဲ့ အိမ်တော်ထိန်းကြီးကိုခေါ်ကာ Janeအတွက်လိုအပ်တာတေဝယ်လာရင်းLisaအိမ်ကိုထွက်လာခဲ့လိုက်တယ်...Lisaကတော့မနက်စာကိုအကုန်ပြင်ဆင်ပြီးနောက် အခန်းထဲကထွက်မလာသေးတဲ့Janeကိုနိူးရန်အတွက် ထမင်းစားခန်းထဲကနေ Janeအခန်းဖက်ကိုထွက်လာရင်း အခန်းရှေ့ကိုရောက်တော့တံခါးခေါက်ကာ...

"Jane...Jane...ကိုယ်ပါ မနိူးသေးဘူးလား မနက်စာစားပြီးဆေးသောက်ရအောင်လေ...."

Lisaအသံပြုလိုက်တော့မှ Janeပြုံးနေတာကိုရပ်ကာကုတင်ပေါ်ကနေဆင်းပြီးတံခါးဖွင့်လိုက်တော့ အခန်းရှေ့မှာရပ်နေတဲ့Lisaကိုတွေ့ပြီးJaneကရယ်ပြလိုက်ကာ...

"Morneee...Lili..."

နှုတ်ဆက်လိုက်တော့Lisaလဲပြန်ပြုံးပြကာGummy Smileလေးပေါ်အောင်ရယ်ပြနေတဲ့Janeကိုကြည့်ကာ...

"အိပ်ပုတ်လေး ကိုယ်နိူးမှ နိူးတာမလား..."

ပြုံးစိစိနဲ့ပြောလိုက်တော့JaneကLisaကိုမျက်စောင်းထိုးကာ...

"ဟုတ်ပါဘူးနော် နိူးနေတာကြာပေါ့ ထရမှာပျင်းလို့..."

"ဟဟ ဟုတ်ပါပြီကွာ အဲ့တာဆိုလဲ ရေမိုးချိုးပြီးထမင်းစားခန်းထဲကိုလာခဲ့တော့ မနက်စာစားဖို့ ကိုယ်စောင့်နေမယ်..."

🦋My Heart Is Only For You🦋Wo Geschichten leben. Entdecke jetzt