Part-20🌻

1.5K 171 5
                                    

လည်ပင်းကဆွဲထားတဲ့ခလုတ်လေးကိုဆုတ်ကိုင်ထားရင်းLisaကားပါကင်ဖက်ကိုအလောတကြီးပြေးထွက်လာကာရပ်ထားတဲ့ကားရှေ့ခန်းကဒတ်ချဘုတ်ပေါ်မှာခေါင်းစိုက်ကျနေတဲ့Janeကိုတွေ့သွားပြီး ကားတံခါးကိုဖွင့်လိုက်ရင်းJaneကိုယ်လေးကိုပွေ့ချီကာနောက်ခန်းကိုရွေ့လိုက်ရင်း ရင်ခုန်သံကိုနားထောင်ကြည့်တော့....

"ဘာမှမဖြစ်လိုက်ပါနဲ့ ကိုယ်တောင်းပန်ပါတယ် ကိုယ်တောင်းပန်ပါတယ်Janeရယ်...."

Janeနှလုံးခုန်သံလေးကတိုးညှင်းနေတာကြောင့်Lisaမျက်ရည်တေကျလာရင်းကားကိုဆေးရုံကိုတန်းမောင်းထွက်လာလိုက်တော့တယ်...ဆေးရုံရောက်တော့ကားပါကင်ကိုမထိုးပဲဆေးရုံရှေ့မှာပဲကားကိုရပ်လိုက်ကာနောက်ခန်းတံခါးကိုဖွင့်ကာ မေ့မြောနေတဲ့Janeကိုပွေ့ချီရင်းLisa ဆေးရုံထဲကိုဝင်လာတာကိုNurseတေကတွေ့သွားပြီးလူနာတင်လှည်းနဲ့ချက်ချင်းရောက်လာကာLisaကို...

"လှည်းပေါ်တင်လိုက်ပါDoctor...."

"ကောင်းပြီ Operationခန်းထဲငါကိုယ်တိုင်ဝင်မယ်...."

"Nae Doctor...."

Lisaလဲ လူနာတင်လှည်းပေါ်ကသတိလစ်မေ့မြောနေတဲ့Janeကိုကြည့်ပြီး...

"ဘာမှမဖြစ်လိုက်ပါနဲ့ကွာ...."

တီးတိုးလေးရေရွတ်လိုက်ကာချက်ချင်းOperationဝင်ရန်ဆေးရုံအဝတ်အစားတေလဲလိုက်ပြီးJaneကိုစိတ်တေပူကာLisaလဲOperationခန်းထဲကိုတန်းဝင်လိုက်ပါတော့တယ်....

Lisaခွဲခန်းထဲရောက်တော့SomiကအကူNurseဖြစ်နေတာကြောင့်...

"Oxygenတပ်ထားပေးပါ ...."

Lisaကပြောလိုက်တော့ Somiလဲအဆင်သင့်လုပ်ပေးလိုက်သလိုပြာယာခတ်နေတဲ့Lisaကြောင့်Somiကကုတင်ပေါ်ကလူနာကိုတစ်ချက်ကြည့်ကာ ...

"သူ့CaseကဘာလဲDoctor...."

"Obstruction Defects..."

"မွေးရာပါလား..."

"မင်းအတော်အမေးမြန်းထူတာပဲSomi...ငါခိုင်းတာပဲလုပ်ပေးပါ လူနာCaseက အရေးကြီးတာကိုသိတယ်မလား...."

"အာ့ Nae...Nae...."

Lisaပြောလိုက်မှ Somiလဲခွဲစိတ်မှု့အတွက်လိုအပ်တဲ့ကိရိယာတေယူပေးကာ ခွဲစိတ်မှု့ကိုသာဂရုစိုက်ပြီးလုပ်ပေးပါတော့တယ်...Lisaလဲအရန်အတားဖြစ်နေတဲ့နှလုံးကိုပိတ်နေတဲ့သွေးကြောကိုအနဲငယ်ပြန့်ချဲပေးရင်းသုံးနာရီကြာJaneကိုကုသပေးရင်းခွဲစိတ်မှု့ကိုအပြီးသတ်လိုက်ရင်း....

🦋My Heart Is Only For You🦋Where stories live. Discover now