Part-23🌻

673 59 8
                                    

Chaeလုပ်စရာရှိတဲ့အလုပ်တွေကိုလက်စသတ်ကာနယ်ထိန်းကိုမှာစရာရှိတာတွေသေချာမှာကြားခဲ့ပြီးLisaရှိရာWarmlyဆေးရုံကိုဆိုင်ကယ်လေးမောင်းကာထွက်လာလိုက်ပါတော့သည်။

Ireneကတော့ငိုကြွေးနေရင်းCoatထဲကဖုန်းလာသံကြောင့်နံမည်ကြည့်လိုက်တော့Se​ulgiဖြစ်နေတော့မျက်ရည်တွေသုတ်ကာဖုန်းကိုင်လိုက်ပါတယ်။

"Hello...Baby.."

"Babyအခုအင်ဂျွန်းလေဆိပ်ကိုရောက်ပြီ ခနနေရင်Honeyဆီကိုလာမလို့"

"ချက်ချင်းကြီးလာလို့လား။Babyခရီးပန်းလာတာကို အိမ်မှာနားလိုက်လေ။ညနေကျရင် Honeyပြန်လာမှာပဲကို"

"အာ့ညီး...မရဘူးနော်။Honeyကိုလွမ်းလို့ရူးတော့မယ်။ချက်ချင်းလာခဲ့မယ်..Babyရဲ့ဗွီတာမင်ကHoneyပဲလေ...."

ရယ်သံလေးနဲ့အတူပြောလာတဲ့Seulgiစကားကြောင့်Ireneစိတ်ညစ်နေတဲ့ကြားကရယ်မိသွားပါတော့သည်။

"အဟင်း....ဟုတ်ပါပြီ။Babyသဘောနော်။Honeyဆေးရုံကပဲစောင့်နေလိုက်မယ်"

"Nae...ချစ်တယ် Honey မွ"

"Honeyလဲ Babyနဲ့တူတူပါပဲ"

"Babyဖုန်းချလိုက်တော့မယ်နော်။လာကြိုတဲ့ကားရောက်လာပြီ"

"ဟုတ်ပါပြီ"

Seulgiဖုန်းချသွားတော့မှIreneဖုန်းကိုစားပွဲပေါ်တင်လိုက်ကာထိုင်ခုန်မှမှီလိုက်ရင်းသက်ပြင်းရှိုက်ကာတီးတိုးလေးပြောမိသွားပါတော့သည်။

"မိအားနဲ..လက်ထပ်ထားတာကြာပြီဖြစ်ပေမဲ့ Seulgiကိုချစ်တယ်လို့ ခုထိမပြောနိူင်သေးတာကိုခွင့်လွတ်ပေးပါနော်"

Seulgiကိုတောင်းပန်စကားဆိုလိုက်ရင်းပင်ပန်းလာတဲ့အရှိန်ကြောင့် မျက်လုံးကိုမှိတ်လိုက်ရုံနဲ့Ireneတစ်ယောက်အိပ်ပျော်သွားပါတော့သည်။

Janeကတော့နှာခေါင်းမှာတပ်ထားတဲ့အောက်စီဂျင်ပိုက်ကိုဖြုတ်ပေးရန်Lisaကို...

"Janeကိုဒါကြီးဖြုတ်ပေးပါလား Li"

ပူဆာနေတာကြောင့်Lisaသက်ပြင်းရှိုက်လိုက်ရင်းJaneကုတင်ပေါ်တွင်ထိုင်လိုက်ကာ...

"မဖြုတ်သေးနဲ့အုန်းနော်။လိုအပ်လို့ ခနတပ်ပေးထားတာပါJaneရဲ့"

🦋My Heart Is Only For You🦋Where stories live. Discover now