Part-18🌻

1.4K 173 19
                                    

ဂျပန်ကနေပျံသန်းလာတဲ့လေယာဥ်ကအင်ချွန်းလေဆိပ်ရောက်တော့ လေယာဥ်ပေါ်ကနေခပ်ချောချောကောင်မလေးတစ်ယောက်ဆင်းလာပြီးရင်ဘတ်မှာချိတ်ထားတဲ့မျက်မှန်လေးကိုကောက်တပ်လိုက်ကာ မွေးရပ်မြေရဲ့ရနံ့လေးကိုရှုရှိုက်လိုက်ရင်း...

"အချစ်ရေ ကိုယ်ပြန်လာခဲ့ပြီ...."

ပြုံးလိုက်ကာတီးတိုးလေးရေရွတ်ရင်းလာကြိုတဲ့ကားရှိရာဆီကိုထွက်လာခဲ့လိုက်တော့တယ်....

CompanyကနေJijiအိမ်ကိုပြန်လာရင်းJaneနဲ့Lisaအကြောင်းကိုတွေးပြီးမျက်လုံးမှိတ်ထားတဲ့အချိန်အားဂျူးရှီးဖြေးဖြေးမှန်မှန်မောင်းလာတဲ့ကားက လမ်းအချိုးကွေ့တစ်နေရာရောက်တော့....

"ဒုန်း...."

တစ်ဖက်ကထွက်လာတဲ့ ကားနဲ့တိုက်မိသွားတာကြောင့်Jijiလန့်သွားကာမျက်လုံးကိုပွင့်ကြည့်ရင်းအားဂျူးရှီးကို....

"ဘာဖြစ်တာလဲ အားဂျူးရှီး...."

"တဖက်ကထွက်လာတဲ့ကားနဲ့ဝင်တိုက်မိတာ မမလေး...အားဂျူးရှီးဆင်းကြည့်လိုက်အုန်းမယ်...."

"Nae...."

တဖက်ကကားထဲကလူကလဲဆင်းလာပြီး သူ့ကားကိုကြည့်နေသလို အားဂျူးရှီးကလဲ...

"ဘာဖြစ်သွားသေးလဲကွယ့်...."

ကားကိုကြည့်နေတဲ့ကောင်လေးကိုမေးလိုက်တော့ ကောင်လေးကအားဂျူးရှီးကိုဂျစ်ကန်ကန်နဲ့ကြည့်လိုက်ကာ....

"မမြင်ဖူးလား ...ဘာဖြစ်သွားလဲဆိုတာ ကျုပ်ကားရှေ့ဘန်ဘာပိန့်သွားပြီ ခင်ဗျားဘာပြန်လုပ်ပေးမလဲ...."

လေသံမာမာနဲ့ပြောလာတာကြောင့် အားဂျူးရှီးက ကောင်လေးကိုကြည့်ကာ...

"ကောင်လေး ကားလဲထိသွားသလို အားဂျူးရှီးကားလဲ ထိသွားတယ်လေ...ပြီးတော့ အားဂျူးရှီးဖက်က လမ်းမှန်တယ်..."

ပြောလိုက်တော့ကောင်လေးက အားဂျူးရှီးကို...

"Borrr...ခင်ဗျားရူးနေလား ကျုပ်ကားကပိုထိတယ် ခင်ဗျားကကား ဘာဖြစ်လို့လဲ...."

ထပ်ပြောလာတာကြောင့် ကားနောက်ခန်းကနေအစအဆုံးကြည့်နေတဲ့Jijiကဆင်းလာကာ ဂျစ်ကန်ကန်ကောင်လေးကိုကြည့်ကာ...

🦋My Heart Is Only For You🦋Where stories live. Discover now