Part-9🌻

1.2K 173 12
                                    

ရပ်နေရာကလှည့်မကြည့်သလိုဘာမှမပြောပဲငြိမ်နေတဲ့Janeပိုဝမ်းနည်းသွားကာဆွဲထားတဲ့Lisaအက်ျီစလေးကိုလွှတ်လိုက်ရင်း...

"Wae...ဘာလို့ ဘာမှပြန်မပြောရတာလဲ Janeတကယ်ပြောနေတာ Liliကိုစတွေ့ကတည်းကJaneချစ်မိသွားတာ ဟင့် ဟင့်...."

ဒေါသတကြီးအော်ဟစ်ကာပြောလာတာကြောင့်Lisaအသိပြန်ဝင်လာသလိုသက်ပြင်းရှိုက်လိုက်ရင်းငိုနေတဲ့Janeဘေးနားကပ်ထိုင်လိုက်ပြီး...

"Jane..."

"ဟင့်...ဟင့်..."

မျက်ရည်စတေကိုသုတ်ပေးရင်း...

"ကိုယ်ပြောတာကိုသေချာနားထောင်နော်..."

"ဟင့် မပြောနဲ့ LiliကJaneကိုမချစ်ဖို့ပြောမှာ သိတယ် ဟင့်...ဟင့်...."

"မဟုတ်ပါဘူးကွာ ကိုယ်ပြောတာကိုJaneသေချာနားထောင်ပေး ပြီးမှအဲ့ကိစ္စကိုဆက်ပြောကြမယ် မငိုနဲ့တော့နော်...."

"ဟင့် ...ဟင့်..."

ခလေးတစ်ယောက်လိုရှိုက်နေတဲ့JaneကိုLisaသေချာစိုက်ကြည့်လိုက်ပြီး...

"ကိုယ့်အကြောင်းတေကို Janeသိလို့လား..."

"ဟင့် Omm...Janeသိတယ် Liliကနှလုံးအထူးကုဆရာဝန် ပြီးတော့Lesbian..."

"ဒါပဲလား..."

"ကျန်သေးတယ် Play Girlကြီးအဲ့တာပဲ ဟင့်...."

Janeစကားကြောင့်Lisaပြုံးလိုက်ကာ...

"ကိုယ်အချစ်ကိုအယုံကြည်မရှိဘူး Janeရဲ့...ပြီးတော့ကိုယ်ကJaneထင်သလိုဖြူစင်တဲ့သူတစ်ယောက်မဟုတ်ဘူး ..."

"ဟင် ဘာကြီး..."

အူကြောင်ကြောင်လေးမော့ကြည့်ကာမေးနေတဲ့Janeကြောင့်Lisaစိတ်ထဲကနေ...

*အိမ်ထဲကအိမ်ပြင်မထွက်ရောဂါဝေဒနာကိုခံစားနေရတဲ့Janeလိုမျိုးဖြူစင်တဲ့ခလေးတစ်ယောက်ကကိုယ့်လိုလူမျိုးနဲ့မထိုက်တန်ပါဘူး...*

တွေးမိကာငြိမ်နေမိပြန်တော့Janeက...

"မေးနေတယ်လေ ဖြူစင်တဲ့သူမဟုတ်ဘူးဆိုတာကဘာလဲ..."

Lisaကိုမေးလာတာကြောင့်LisaကJaneကိုကြည့်ကာ...

"ကိုယ်ကJaneထင်နေသလို ကောင်မလေးတေကိုအသဲခွဲတဲ့Play Girl Typeမျိုးမဟုတ်ဘူးကွ ...ကိုယ့်အတွက် အချစ်ဆိုတာမရှိသလို ကိုယ့်အနားရောက်လာတဲ့သူတေကလဲ ကိုယ့်အထိအတွေ့တေကိုပဲမက်မောကြတဲ့သူတေကြည့်ပဲ..ကိုယ့်ဖက်ကဖျက်လိုက်ရင်သူတို့ဘာမှဖြစ်မသွားကြသလို ကိုယ့်ဆီကိုလဲဆက်သွယ်မလာကြဘူးလေ အဟင်း...အဲ့တာကြောင့် ကိုယ့်အတွက်ကOne Night One Girlပဲထားတာ သိပြီလား..."

🦋My Heart Is Only For You🦋Wo Geschichten leben. Entdecke jetzt