Part-17🌻

1.4K 201 29
                                    

"ရေမကူးတတ်တာကို ဘာလို့ငါ့ကိုမပြောတာလဲ...."

Janeကိုစိတ်ပူနေပေမယ့် Lisaတစ်ယောက်စိတ်တေတိုကာ လေသံမာမာနဲ့ပြောလိုက်တော့Janeကရင်ခွင်ထဲကနေထိတ်လန့်နေတဲ့မျက်ဝန်းတေနဲ့Lisaကိုမော့ကြည့်ကာ...

"Liliနဲ့ရေအတူတူကူးချင်လို့ အခုလဲသေချာခုန်ချတာမှ မဟုတ်တာ Janeခြေချော်ပြီးပြုတ်ကျတာလေ...မချစ်ရင်လဲရပါတယ် Liliရယ် ဒါမယ့်Janeကို လေသံမာမာနဲ့မပြောပါနဲ့ ဟင့် အင့် ....."

ခလေးတစ်ယောက်လိုငိုပြီး ပွေ့ချီထားတဲ့Lisaလက်တေထဲကနေJaneကရုန်းနေတာကြောင့် Lisaကပိုတိုးကာ ပွေ့ဖက်ထားရင်းJaneကို....

"ဘာလို့ငိုနေရတာလဲ...."

ငုံ့ကြည့်ကာမေးလိုက်တော့ မျက်ရည်စတေနဲ့JaneကLisaကို...

"အမြဲတမ်းပဲ လူကိုအော်ငေါက်နေတာလေ....ဟင့် အင့် လူယုတ်မာကြီး သူများချစ်နေတာကြ မမြင်ဘူး မမြင်ချင်ယောင်ဆောင်နေတယ် ဟင့်...."

ပြောရင်းရင်ဖတ်ကြီးကိုလက်သီးစုတ်သေးသေးလေးတေနဲ့ထုလာတဲ့Janeကြောင့်Lisaက....

"ဟေး....ကိုယ့်ကိုကြည့်...."

မျက်ဝန်းကမျက်ရည်စတေကိုသုတ်ပေးရင်း Janeကိုရေကူးကန်ဘောင်ပေါ်တွင်တင်လိုက်ကာမျက်နှာချင်းဆိုင်လိုက်ပြီးပြောလာတော့Janeကရှိုက်နေရင်း....

"ဟင့် အင့်...."

စိတ်ကောက်ကာခေါင်းငုံ့ထားပြီးဘာမှမပြောတာကြောင့်Lisaပြုံးလိုက်ရင်း Janeရဲ့မေးဖျားလေးကိုလက်မလေးနဲ့ပင့်လိုက်ကာ....

"ကိုယ်တောင်းပန်ပါတယ်...ခုနကစိတ်ပူပြီးမင်းကိုအော်လိုက်မိတာ...."

"ဟင့် ဟင့်...."

"ကိုယ့်က မင်းကိုချစ်လာအောင်လုပ်မယ်လို့ မင်းပြောခဲ့တာမှတ်မိရဲ့လား...."

မေးလိုက်တော့မှ JaneကLisaကိုမော့ကြည့်ကာ...

"ဟင့် ...ဟင့် ...မှတ်မိတယ်...."

"အဲ့တာကို ရအောင်လုပ် ကိုယ် မင်းကို အချိန် ထပ်တိုးပေးမယ်3လမဟုတ်ဘူး6လ.. အဲ့အချိန်အတွင်းကိုယ် မင်းကိုချစ်လာအောင် မင်းဖက်ကလုပ်နိူင်ပ့မလား...ပြီးတော့အထိအတွေ့တေနဲ့တော့ ကိုယ့်ကိုလာပြီးမသိမ်းပိုက်နဲ့ ကိုယ်ကPlay Girlတစ်ယောက်ဆိုတာကိုမင်းမေ့မထားပါနဲ့...."

🦋My Heart Is Only For You🦋Where stories live. Discover now