Part-25🌻

811 59 23
                                    

Lisaငိုနေတာကိုကြည့်ပြီးChaeဘာလုပ်ရမှန်းမသိဖြစ်နေပါတော့သည်။အချစ်ဦးဖြစ်သူIreneနဲ့ပျက်ပြီးနောက်ပိုင်းမျက်ရည်မကျဖူးတဲ့သူတစ်ယောက်က ကလေးတစ်ယောက်လိုငိုကျွေးနေတာကိုကြည့်ပြီးChaeကြောင်အကာရပ်နေမိပါတော့သည်။Lisaကငိုနေရင်းကပဲChaeကိုကြည့်ကာ...

"ငါတကယ်ပြောနေတာ. Janeကိုငါအရမ်းချစ်တယ်။Janeနှလုံးအစားထိုးကုသဖို့အတွက် လဲMailတွေပို့ပြီးအကူညီတောင်းထားတယ်"

ပြောလာပါသည်။LisaစကားသံကြားမှChaeအသိပြန်ဝင်လာကာ Lisaပုခုံးကိုဖက်လိုက်ရင်း...

"Lisa Ya...ငါတောင်းပန်ပါတယ်"

တောင်းပန်စကားဆိုလိုက်ပါသည်။Lisaမျက်ရည်တွေကိုသုတ်လိုက်ရင်း..

"ငါ့ကိုမတောင်းပန်ပါနဲ့။နင်စိတ်တိုသွားတယ်ဆိုတာကလဲဖြစ်သင့်ပါတယ်။ငါကဆရာဝန်တစ်ယောက်မပီသတဲ့သူတစ်ယောက်ဖြစိနေပြီလေ။ကိုယ့်Patientကိုမှ ချစ်မိသွားတာကိုး..."

Chaeကိုပြောလိုက်သည်။Lisaစကားကြောင့်ChaeကSofaခုံမှာဝင်ထိုင်လိုက်ကာLisaကို..

"နင်အခုလိုဖြစ်သွားတာကိုငါအရမ်းအံ့သြနေမိတာ။Ireneနဲ့ပြသာနာတက်တာတွေနင်ပြောပြထားလို့ ငါအကုန်သိထားပြီးတာပဲ။နင်အခုလိုတွေရှုပ်ပွေနေတာကလဲ ချစ်လို့မှမဟုတ်တာ။ဒါမယ့် အခုငါပျော်တယ်။နင့်ရဲ့အတိတ်ဆိုးကြီးကနေလွတ်မြောက်ပြီးအချစ်သစ်တစ်ခုနဲ့ဘဝသစ်တခုထပ်စလို့ရပြီလေဟာ..."

ကြည့်ပြီးအားပေးစကားဆိုလိုက်သည်။Chaeစကားကြောင့်Lisaမျက်ရည်စတွေကြားကပြုံးလိုက်မိသည်။ထို့နောက်Lisaသက်ပြင်းရှိုက်လိုက်ရင်းJaneရဲ့ရောဂါအခြေနေအားChaeကိုပြောပြပါတော့သည်။

"ဘဝအသစ် စချင်တာပေါ့။ဒါပေမယ့် Janeရဲ့အခြေနေက နှလုံးအစားထိုးကုသမှရမယ့်အခြေနေဖြစ်နေပြီChae..."

"အခြေနေကဆိုးနေလို့လား..."

"50%ပဲရှိတယ်။သတ်မှတ်ထားတဲ့ကာလအတွင်းJaneနဲ့ကိုက်ညီမယ့်နှလုံးမရရင် Jane..Janeက..."

ပြောနေရင်းမျက်နှာကိုလက်ဖဝါးနှစ်ဖက်နဲ့အုပ်လိုက်တဲ့Lisaကြောင့်Chaeက...

"Lisa..ya...."

သူနံမည်ကိုခေါ်လာတော့ Lisaခေါင်းထောင်ကြည့်လိုက်သည်။

🦋My Heart Is Only For You🦋Where stories live. Discover now