1

882 76 0
                                    

UNICODE

''ဘတ်ဟျွန်း ဘောလုံးကန်မလို့ ပါဦးမလား''

ကျောင်းဆင်း အိမ်မပြန်သေးဘဲ ဘောလုံးကန်ဖို့ ပြင်နေတဲ့
သူငယ်ချင်းတွေက လှမ်းခေါ်သည်

''မပါတော့ဘူး'' ပါးစပ်ကလည်းဖြေ လက်ကလည်းမြှောက်ပြီး ခါပြလိုက်သည်
ကျောင်းပြင်ရောက်သည်နှင့် earphoneတပ်ပြီး သီချင်းနားထောင်ရင်း အေးအေးလူလူ လျှောက်လာခဲ့သည်

ဘောလုံးကန်တာ ဝါသနာမပါဘူးလားဆိုရင်
ဝါသနာပါ ပါတယ်
ဘောလုံး ဘတ်စကတ်ဘော ဂိမ်း
ရွယ်တူကောင်လေးတွေ ကြိုက်တာ မှန်သမျှ ကြိုက်တယ်
ဒါပေမဲ့ ပြိုင်ပွဲတွေဆို တတ်နိုင်သမျှ မပါချင်ဘူး
ဘာကိုမှ ပြိုင်ဆိုင်မနေချင်ဘူး
ဘဝကို အေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်းသွားချင်တယ်

''ပြန်ရောက်ပါပြီ''

''ရောက်ပြီလား သားကြိုက်တဲ့ ပူတင်းလုပ်ထားတယ်''

ဘတ်ဟျွန်း မားမားနားကိုသွားပြီး ပါးကို ရွတ်ခနဲ မြည်အောင် နမ်းလိုက်သည်

''သား ဗိုက်ဆာနေတာ
အိမ်ပြန်ရောက်ရင် မားမားကို ခေါက်ဆွဲပြုတ်ပေးပါ ပြောမလို့တွေးလာတာ
ခု မားမားက ပူတင်းလုပ်ပေးထားတယ်
သားကို အရမ်းချစ်တာပဲလား''

''အပြောလေးနဲ့ လုပ်စားနေတာ အလည်လေး''

ဘတ်ဟျွန်း ပူတင်းစားရင်း မားမားကြည့်နေသည့်
TV showတစ်ခုကို  ထိုင်ကြည့်နေပြီး
ခဏကြာမှ အပေါ်တက်ခဲ့သည်

လွယ်အိတ်ကို စားပွဲပေါ်တင်လိုက်ပြီး
ကုတင်ပေါ် ပစ်လှဲလိုက်သည်
Youtubeထဲဝင် ဟိုကြည့်ဒီကြည့်လုပ်ပြီး
ခဏကြာတော့ ရေချိုးလိုက်သည်
အဝတ်အစားလဲပြီးရုံရှိသေး
ပါးပါး ပြန်လာတာနဲ့ မားမားကို ညစာစားဖို့ ကူးလုပ်ပေးလိုက်သည်

''သား မုန့်ဖိုး လိုရင်ပြောနော်''

ထမင်းစားရင်း ပါးပါးက ပြောသည်
သားငယ်လေးက အေးသည့်အထဲမှာပါသည် မုန့်ဖိုးတွေဘာတွေတောင်းတာလည်းမရှိ ပူဆာတာမျိုးလည်းမရှိ
မိဘကို ချွဲမယ် အိမ်အလုပ်တွေကူလုပ်မယ် စာပုံမှန်ကြည့်မယ်
ဒါပဲ ခေါင်းထဲမှာ ရှိသည်ထင်

အရင်ဘဝက ပြိုင်ဘက်က အခု ငါ့ကို flirt နေတယ် (complete)Where stories live. Discover now